ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ရင်သွေးလေးများဂေဟာကို တည်ထောင်ပြီး လူမမယ်ကလေးများစွာကိုခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။မိဘမေတ္တာငတ်မွတ်နေကြတဲ့ ကလေးတွေကို ခိုင်နှင်းဝေက မေတ္တာအပြည့်ပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်။ခိုင်းနှင်းဝေက လတ်တလောမှာ အလှူအတန်းတွေလည်းများစွာလုပ်ဆောင်နေပြီး ခက်ခဲနေတဲ့ပြည်သူတွေကို ဖေးမကူညီပေးနေတာဖြစ်ပါတယ်။ဒီကာလမှာ အခြေခံပြည်သူတွေအတွက်ကတော့ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ ပူပန်နေရတာဖြစ်ပါတယ်။


မနေ့ကဆိုရင်လည်း မိခင်ဖြစ်သူက မီးတွင်းထဲမှာဆုံးပါးသွားတာကြောင့် ရက်သားကလေးနဲ့ (၁)ခွဲအရွယ်၊(၄)နှစ်အရွယ် ကလေးတို့ ကျန်နေခဲ့ရှာတာဖြစ်ပါတယ်။ပရဟိတအဖွဲ့က ရက်သားကလေးအတွက် နို့မှုန့်ဘူးအပြင် ဆန်အိတ်နဲ့ငွေသားတို့ကို တတ်နိုင်သလောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။ကလေးသုံးယောက်ကို သနားဂရုဏာဖြစ်မိတဲ့ပြည်သူတွေက ခိုင်နှင်းဝေဆီဆက်သွယ်ပြီးမွေးစားဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ကျန်ရစ်သူကလေးငယ်သုံးယောက်ကို ဦးလေးအရင်းမှ ခေါ်ယူစောင့်ရှောက်ထားတယ်လို့သိရပါတယ်။


ခိုင်းနှင်းဝေကလည်း သူမဆီစာတွေအများကြီးပို့ပြီး အကူအညီတောင်းနေကြတာကြောင့် ကလေးသုံးယောက်ကိုမွေးစားဖို့အတွက် အုပ်ထိန်းသူဆီဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။လတ်တလောမှာ ဦးလေးဖြစ်သူက စောင့်ရှောက်ပေးထားလို့ အရမ်းစိတ်ပူစရာမလိုဘဲ သူမဆီကို မွေးစားခွင့်ပေးရင်လည်း တာဝန်ယူစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။ဖခင်ရောမိခင်ပါမရှိတော့လို့ ကလေးသုံးယောက်ပဲကျန်နေခဲ့တဲ့အတွက် ခိုင်နှင်းဝေကလည်းတစ်ဖက်တစ်လမ်းကနေကူညီပေးဖို့ဆောင်ရွက်နေကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source&Photo Credit: Khine Hnin Wai’s Fb page





