တန်ဖိုးရှိတဲ့လူငယ် ကြယ်ပွင့်လေး​တွေများစွာ ဆုံးရှုံးနေရခြင်းရဲ့ အဓိကတရားခံကို ရဲဝင့်ပြတ်သားစွာ ပြောပြလိုက်တဲ့ ခင်သဇင်

//s9.kh1.co/dc/dcb6f19af7ae57f828bf63cf9e50b4601ef58770.jpeg
အနုပညာရှင်များ

 ၁၁-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

..

အနုပညာလောကမှာ နေရာတစ်ခုရရှိထားပြီး ပရိသတ်အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ခင်သဇင်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ခင်သဇင်ကတော့ လတ်တလောအခြေအနေတွေမှာ အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပြီး အားဖြည့်ကူညီနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးမှာ အကြမ်းဖက်မှုတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ကြွေလွှင့်ခဲ့ကြရတဲ့ လူငယ်​လေးတွေအတွက် နာကျင်ခံစားနေရပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲဝင့်ပြတ်သားစွာ ပြောလာပါတယ်..။

တန်ဖိုးရှိတဲ့လူငယ် ကြယ်ပွင့်လေး​တွေများစွာ အသက်ပေးဆုံးရှုံးနေရခြင်းရဲ့ အဓိကတရားခံကို ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်သားစွာ ပြောပြလာခဲ့ပါတယ်..။

Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc

"ယခု ဖြစ်ပျက်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့ 

တန်ဖိုးရှိတဲ့ လူငယ် ကြယ်ပွင့်လေး​တွေ 

များစွာ ဆုံးရှုံး နေရခြင်း နဲ့ 

တပ်မတော် နဲ့ ပြည်သူ 

နှစ်ခြမ်း ဗြမ်းဗြမ်းကွဲပြီး 

တိုင်းပြည်တူ လူမျိုးတူအချင်းချင်း 

သတ်ဖြတ်နေရခြင်းကို 

လူသားတစ်ဦး 

နိုင်ငံသား တစ်ဦး အနေနဲ့ 

ဘယ်လိုမှ လက်ခံ၍ မရကြောင်း..

၄င်း ကိစ္စ ဖြစ်ရပ်တွေ အားလုံးရဲ့ 

အဓိက တရားခံဟာ 

လက်ရှိ ခေါင်းဆောင်များ 

အသုံးမကျ၍သာ ဖြစ်ကြောင်း…

လက်ရှိ ခေါင်းဆောင်များ အပေါ်တွင်သာ 

တာဝန် အပြည့်ရှိကြောင်း 

နိုင်ငံသား တစ်ဦး အနေနဲ့ 

ဝမ်းနည်းစွာ ပြောကြားပါရစေ..

ခင်သဇင် …" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

​သူမရဲ့ပို့စ်အောက်မှာတော့ အသက်ပေးလိုက်ရတဲ့ လူငယ်ပြည်သူတွေအတွက် အားလုံးက စိတ်မကောင်းဖြစ်ကြရသလို လက်ရှိမှာ လူတိုင်းကိုယ်စီပူပင်သောကတွေရှိနေကြပေမယ့် ပြည်သူတွေအချင်းချင်း အားပေးစကားတွေလည်း ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khin Thazin's Fb Acc
Photo Credit - Khin Thazin's Fb Acc

သတင်း အရင်းအမြစ် Khin Thazin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T