လှပသေသပ်တဲ့နှုတ်ခမ်းလေးရအောင်ခွဲစိတ်ဖို့ အားမွေးနေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ချစ်စရာသားလေး အာကြီး

//s9.kh1.co/a2/a235a909e79e83505a5cfc3393ce10cb376fd81a.png
အနုပညာရှင်များ

 ၁၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

..

စွန့်ပစ်ခံရင်သွေးငယ်လေးတစ်ယောက်ဖြစ်တဲ့ အာကြီးဟာ မေမေခိုင်နှင်းဝေရဲ့မေတ္တာရိပ်မှာ အတော်လေးအေးချမ်းလုံခြုံနေခဲ့ပါပြီ။ ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားထိခိုက်မှုတွေရှိခဲ့တာကြောင့် နှုတ်ခမ်းခွဲစိတ်မှုပြုလုပ်ဖို့လိုနေတဲ့ ဒီကလေးလေးကို မေမေခိုင်နှင်းဝေက တာဝန်ယူပြီးခွဲစိတ်ပေးမှာမို့ ခွဲစိတ်မှုဒဏ်ကို ကလေးအပြည့်အဝခံနိုင်အောင် မေမေခိုင်နှင်းဝေက အားပြည့်မယ့်အစားအသောက်တွေ ကျွေးပြီး သေချာဂရုစိုက်ပေးနေခဲ့ပါတယ်။ စောင့်ရှောက်ထားတဲ့ သားသမီးတစ်ယောက်ချင်းစီကို အသေးစိတ်ဂရုစိုက်ပြီး ကလေးတွေရဲ့ အစစအရာရာကို အပြည့်အဝတာဝန်ယူထားတဲ့ မေမေ့ရဲ့တာဝန်ကလည်း မလွယ်လှပါဘူး။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

မလွယ်တဲ့အလုပ်ကိုမှ မေတ္တာစိတ်၊ စာနာစိတ်တွေနဲ့ ကြိုးစားလုပ်ကိုင်နေခဲ့ပြီး နောက်ထပ်လည်း အကူအညီလိုအပ်နေတဲ့ ရင်ခွင်မဲ့ကလေးငယ်တွေအများကြီးကို ထပ်မံစောင့်ရှောက်နိုင်အောင် ဂေဟာအကြီးကြီးတည်ဆောက်နေခဲ့တာ ပြီးလုဆဲဆဲဖြစ်နေခဲ့ပါပြီ။ ကလေးတွေကိုသာမက အဆင်မပြေတဲ့ အိမ်ထောင်စုတွေအတွက်လည်း ကူညီပေးသလို လိုအပ်တဲ့နေရာတိုင်းမှာလည်း အလှူတွေမကြာခဏဆိုသလို လုပ်တတ်ပါသေးတယ်။ စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ မင်းသမီးလေးမို့ အလှူရှင်တွေဟာလည်း သူမကိုယုံကြည်ပြီး အများအပြားလှူဒါန်းပေးကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

အလှူရှင်တွေရဲ့စုပေါင်းသဒ္ဓါအားနဲ့ အကူအညီလိုသူတိုင်းကို ဖေးမတတ်သူလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဂေဟာမှာ ချစ်ရတဲ့သားလေးအာကြီးတစ်ယောက် မေမေ့ကိုကြည့်ပြီး ပြုံးပျော်နေတဲ့ပုံလေးတွေကို မြတ်နိုးစိတ်နဲ့ သူမရဲ့လူမှုကွန်ယက်မှာဝေမျှလာခဲ့ပါတယ်။ မေတ္တာပေးလို့ မေတ္တာပြန်ရတယ်ဆိုတဲ့ စကားလေးဟာ ဒီပုံလေးတွေကိုရည်ညွှန်းနေသလိုပါပဲ။ အသေအချာလေးပြုစုစောင့်ရှောက်ခဲ့တာမို့ ကလေးရဲ့စိတ်ထဲမှာ အေးချမ်းလုံခြုံပြီး ပျော်ရွှင်နေပုံလေးက ချစ်စရာကောင်းလွန်းပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ် Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T