သူအရမ်းချစ်ရတဲ့ မိသားစုဝင်များကို မတွေ့ရတာကြာပြီဖြစ်တာကြောင့် Video Call ခေါ်ပြီး အလွမ်းဖြေနေရတဲ့ ဝိုင်းကျော်

//s9.kh1.co/6c/6cd9e197a2a87eafa9e8546536032d4221685495.jpeg
အနုပညာရှင်များ

 ၁၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

ဟာသလူရွှင်တော် ဝိုင်းကျော်ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်လျက်ရှိနေပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် တောထဲရောက်နေပေမယ့်လည်း ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေပျောက်စေရန် တော်လှန်ရေး ပြက်လုံးများဖြင့် ဖျော်ဖြေပေးရန် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေသိစေဖို့ ဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်က ဝိုင်းကျော်ရဲ့လူမှုကွန်ယက်တွင် ဓာတ်ပုံ တစ်ချို့တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 

ဒါကတော့ သူအရမ်းချစ်ရတဲ့ မိသားစုဝင်များကို မတွေ့ရတာကြာပြီဖြစ်တာကြောင့် Video Call ခေါ်ရင်းဖြင့်သာအလွမ်းဖြေနေရကြောင်း ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ်။ အခုလောလောဆယ် သားလေးနဲ့ ဖုန်းခေါ်ရင်းနဲ့သာအလွမ်းဖြေနေရပြီး သိပ်မကြာခင် သူကိုယ်တိုင် သားလေးနဲ့ အတူဆော့ရင်း အမောဖြေကြမယ်ဖြစ်ကြောင်းကိုလည်း ဓာတ်ပုံလေးတွေ ဝေမျှပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ချစ်ရတဲ့ မိသားစုဝင်များကို စွန့်ခွာပြီး တောထဲတွင် ပင်ပန်းဆင်းရဲခံကာ နေထိုင်နေကြရသူများအားလုံးကို ကိုယ်ချင်းစာကြောင်းနဲ့ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ comment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ 

Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 

ဟားငါးကောင်အဖွဲ့ဝင်များဟာ အခုချိန်ထိ ဓမ္မဘက်က ရပ်တည်ပေးခဲ့ကြသူများဖြစ်တဲ့အတွက် ပရိသတ်တွေကအရင်ကထက်ပိုပြီး အားပေးချစ်ခင်လာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ ကြိုးစား ပြင်ဆင်နေကြတဲ့ ဟာဒယသပိတ် တော်လှန်ရေးအငြိမ့်ကိုလည်း ကြည့်ရှုအားပေးဖို့ စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ဒီကာလအတွင်း ခွဲခွာနေကြရတဲ့ မိသားစုတွေအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း လူရွှင်တော် ဝိုင်းကျော်ရဲ့ သတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Wine Kyaw’s Facebook Account 

Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Photo Crd-Wine Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T