မနေ့က ဖြစ်ပွားခဲ့တဲ့ လူငယ်လေး (၅) ဦး တိုက်ပေါ်ကနေ ခုန်ချသွားသော ဖြစ်ရပ်ကြောင့် ပြည်သူတွေ အားလုံး ယူကြုံးမရ ဝမ်းနည်းခံစားနေကြရတာ ဖြစ်ပါတယ်။ လူငယ်လေးတွေဟာ သူတို့ရဲ့အနာဂတ်တွေကို စွန့်လွှတ်အနစ်နာခံပြီး လွတ်မြောက်ရာလမ်းကို ရွေးချယ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကမော်ဒယ် ဟန်နာယူရီရဲ့လူမှုကွန်ယက်တွင် တန်ဖိုးရှိလွန်းတဲ့ လူငယ်လေးတွေ ဒီ့ထက်ပိုပြီး အသက်မဆုံးရှုံးဖို့ ပြည်သူတွေ လုပ်ပေးနိုင်တဲ့ အရာတစ်ခုကို ထောက်ပြရေးသားလာတာ ဖြစ်ပါတယ်။


ဒါကတော့ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို ဆောင်ရွက်နေသူတိုင်းကို အလှူငွေထည့်ဝင်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ခံစားမိတိုင်းနဲ့ ယူကြုံးမရဖြစ်တဲ့အချိန်တိုင်း လှူပေးကြဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ လူသိမခံနိုင်တဲ့ ပုဂ္ဂိုလ်များကလည်း နောက်ကွယ်ကလည်း လှူဒါန်းပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အားလုံးဝိုင်းတွန်းပါမှ ဒီငရဲကနေ လွတ်မြောက်မယ့်ထွက်ပေါက်တံခါးကြီး ပွင့်လာမှာ ဖြစ်ပါတယ်။ အခုချိန်ဟာ ဘယ်သူတွေက တိုင်းပြည်အတွက် အရာအားလုံးစတေးပြီးလုပ်ပေးနေတာကို သိသင့်နေပြီဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။



တန်ဖိုးရှိတဲ့ လူငယ်လေးတွေရဲ့ အသက်တွေ စတေးမခံနိုင်တော့တဲ့အတွက် ကိုယ်မလုပ်နိုင်တဲ့ အရာတွေကိုလုပ်ကိုင်ပေးနေသူတိုင်းကို အားဖြည့်လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။ ဟန်နာယူရီကိုယ်တိုင်လည်း အပိုမသုံးဘဲ ရသလောက်စုဆောင်းပြီး လှူဒါန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘေးကင်းရာရောက်နေတဲ့ ပြည်ပရောက်မြန်မာတွေလည်း တတ်နိုင်သလောက် ဝိုင်းကူပေးကြဖို့ လိုအပ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် ပြည်သူအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝိုင်းကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Hanna Yuri’s Facebook Page

