ဖတ်မိသူတိုင်းကိုမျက်ရည်ဝဲသွားစေရလောက်အောင် မသေဆုံးခင်မှာ ပါးစပ်ကပြောပြီး ရေးစပ်ခဲ့တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့နောက်ဆုံးကဗျာလေး

//s9.kh1.co/36/366c6d80e048c26ee1da4eba99600a23f5381865.jpeg
အနုပညာရှင်များ

 ၁၀-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

ဖတ်မိသူတိုင်းကိုမျက်ရည်ဝဲသွားစေရလောက်အောင် မသေဆုံးခင်မှာ ပါးစပ်ကပြောပြီး ရေးစပ်ခဲ့တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့နောက်ဆုံးကဗျာလေး

လတ်တလောမှာဆိုရင် အနုပညာအသိုင်းအဝန်းမှ အရမ်းတော်တဲ့အနုပညာရှင်ကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကို ကြားသိနေရပါတယ်။မနေ့ကဆိုရင်လည်း ကဗျာဆရာအောင်ချိမ့်က ဩဂုတ်လ(၉)ရက်နေ့၊ည (၈)နာရီ (၁၂)မိနစ်တွင် သေဆုံးသွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၃)နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။ကဗျာဆရာအောင်ချိမ့်ကို (၁၉၄၈)ခုနှစ်တွင် မွေးဖွားခဲ့ပြီး မြန်မာပြည်ရဲ့ အကြီးကျယ်ဆုံးသော သက်ရှိထင်ရှားကဗျာဆရာအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာအောင်ချိမ့်က ဇူလိုင်လ (၁၂)ရက်နေ့ကတည်းက အစားအသောက်မဝင်တော့လို့ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ပေမယ့် ဆေးပဲစစ်နိုင်ပြီး သွေးအားကျနေတာကိုအဖြေမရှာနိုင်လို့ ဆေးရုံကအိမ်ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ (၁၅)ရက်နေ့မှာ ဆေးရုံကနေ အိမ်ပြန်ရောက်ခဲ့ပြီး မနေ့ကကွယ်လွန်သွားတာကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့မိတ်ဆွေတွေက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဆရာအောင်ချိမ့်က မသေဆုံးခင်အချိန်လေးမှာလည်း ပါးစပ်ကပြောပြီး ကဗျာလေးတစ်ပုဒ်ရေးသွားခဲ့သေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူရဲ့နောက်ဆုံးကဗျာလေးကတော့ “ကယ်တော်မူပါဗျို့၊ကယ်တော်မူပါဗျို့၊ကယ်တော်မူပါဗျို့၊ကျွန်တော်ကအာရှတိုက်ကပါ၊မြန်မာနိုင်ငံသားပါ၊ကျွန်တော်က အောင်ချိမ့်ပါ၊ကမ္ဘာကဆရာဝန်အပေါင်းတို့ အောင်ချိမ့်ကို ဆေးကုပေးပါဗျို့၊ကျွန်တော့်ကိုဆေးတိုက်ပါ၊ဆေးများများတိုက်ပါ ကျွန်တော်သောက်ပါ့မယ်”ဆိုပြီး ပါးစပ်ကပြောကာ အန်တီကလိုက်ရေးပေးတာဖြစ်ပါတယ်။ဆရာအောင်ချိမ့်ရဲ့နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးကလည်း ဖတ်မိသူတိုင်းကိုမျက်ရည်ဝဲစေတာကြောင့် ပရိသတ်တွေဖတ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T