"ဘယ်ပန်းချီရေးလို့မမှီ" သီချင်းနဲ့ လူသိများခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် အဆိုတော်ကြီးတက္ကသိုလ်ဦးအေးမောင် ကွယ်လွန်

//s9.kh1.co/56/56f65e418b1bb7b3d43cf0718492a3b586e2d448.jpeg
အနုပညာရှင်များ

 ၀၉-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

..

လက်ရှိကာလတွေမှာ ကူးစက်မြန် ကိုဗစ်ရောဂါတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် အသက်ပေါင်းများစွာ သေဆုံးနေကြရပြီး လူအများသောကအပူမီးတွေနဲ့ ဆင်းရဲဒုက္ခရောက်နေနေကြတာကလည်း ဒူးနဲ့ဒေးပါပဲ..။

အနုပညာရှင်တွေ တော်တော်များများလည်း ကြွေလွှင့်ခဲ့ကြပြီး ဒီကနေ့မှာလည်း "ဘယ်ပန်းချီရေးလို့မမှီ" သီချင်းနဲ့ လူသိများခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် တက္ကသိုလ်ဦးအေးမောင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်..။

Photo Credit - Kyaw Zin Htut's Fb Acc
Photo Credit - Kyaw Zin Htut's Fb Acc

အသက်(၇၂) နှစ်အရွယ် တေးသံရှင်တက္ကသိုလ်ဦးအေးမောင်ဟာ ဒီကနေ့ ဩဂုတ်လ(၉) ရက်နေ့ မနက်(၁:၃၀) အချိန်မှာ ကွယ်လွန်သွားတာဖြစ်ပြီး တူဖြစ်သူ သရုပ်ဆောင်ကျော်ဇင်ထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်ကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

"9-8-2021 ကျွန်တော့ဦးလေးဖြစ်သူ "ဘယ်ပန်းချီရေးလို့မမှီ" သီချင်းနဲ့ လူသိများခဲ့တဲ့ ပြည်သူချစ်တဲ့နိုင်ငံကျော်တေးသံရှင် တက္ကသိုလ်ဦးအေးမောင် (Reggie Ba Oo) (အန်ကယ်ဘိုအေး) သည် 9-8-2021 ရက်မနက် 1:30AM အချိန်တွင် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါအိ ။ ဦးလေးဖြစ်သူ တက္ကသိုလ်ဦးအေးမောင် (အန်ကယ်ဘိုအေး) ကောင်းရာသုဂတိလားပါစေ ??????.." ဆိုပြီး ကျော်ဇင်ထွဋ်က ရေးသားပြောပြထားတာပါ..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Kyaw Zin Htut's Fb Acc
Photo Credit - Kyaw Zin Htut's Fb Acc

ဂီတလောကအတွက် တန်းဖိုးကြီးမားလွန်းတဲ့ အနုပညာရှင်တစ်ယောက် ကြွေလွှင့်ခဲ့ရတဲ့အတွက် ပရိသတ်တွေအားလုံးက နှမျောတသဖြစ်ကာ ဆုတောင်းမေတ္တာတွေလည်း ပေးပို့ထားကြတာ တွေ့ရပါတယ်..။

တက္ကသိုလ်အေးမောင်ရဲ့ မိဘမေတ္တာကို ဖော်ကျူးသည့် "ဘယ်ပန်းချီရေးလို့ မမီ" တေးသီချင်းဟာ လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားခဲ့သလို ကဗျာဆရာမျိုးမြင့်ဆွေရဲ့ ဂျိန်းဖောပွဲတော် ကဗျာကို သံစဉ်ထည့်ထားတဲ့ သီချင်းမှာလည်း လူကြိုက်များခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Zin Htut's Fb Acc
Photo Credit - Kyaw Zin Htut's Fb Acc
Photo Credit - Original Uploader
Photo Credit - Original Uploader

သတင်း အရင်းအမြစ် Kyaw Zin Htut's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T