ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို သွားရောက်လှူဒါန်းရင်း သီချင်းပါ သီဆိုဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် ချယ်ရီသင်းရဲ့ ကြည်နူးစရာ ဗီဒီယို

//s9.kh1.co/00/00a640c003d28c69ca9bead8ac339c7d63f49757.jpg
အနုပညာရှင်များ

 ၀၉-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၅ နှစ် က

.

ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အသံချိုချိုအေးအေးလေးနဲ့ အဆိုတော် ချယ်ရီသင်းကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ချယ်ရီသင်းဟာ အနုပညာအလုပ်တွေကိုလည်း ကောင်းမွန်အောင် ကြိုးစားနေတဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ စွမ်းစွမ်းတမံ ကူညီလုပ်ကိုင်ပေးနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

ချယ်ရီသင်းရဲ့ လေးစားစရာ ပရဟိတအလုပ်လေးတွေကတော့ လတ်တလော နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကာလလေးမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် စားသောက်စရာလေးတွေကို တတ်နိုင်လောက် မကြားခဏ မျှဝေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ ဆွေမျိုးမိသားစုဝင်ထဲက အစ်ကိုဝမ်းကွဲ နှစ်ယောက်နဲ့ ဦးလေးတစ်ယောက်ဟာ ရက်ပိုင်းခြားပြီး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရှာပါတယ်။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

အလှူအတန်းတွေကို မကြားခဏပြုလုပ်တတ်တဲ့ ချယ်ရီသင်းဟာ ယမန်နေ့က ပုလဲအရန်မီးသတ်တပ်ဖွဲ့ရှိတဲ့ ဌာနကို သွားရောက်ပြီး စားသောက်စရာ ဟင်းသီးဟင်းရွက်များတဲ့ ကျန်းမာရေးအသုံးအဆောင်များကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အလှူပစ္စည်းတွေလှူဒါန်းပေးရင်းနဲ့လည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ကိုလည်း သီချင်းများဖြင့် ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ ချယ်ရီသင်း လာရောက်လှူဒါန်းမှုနဲ့ သီချင်းဆိုပြခဲ့တာကို ပုလဲအရန်မီးသတ်တပ်ကပဲ Live လွှင့်ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချယ်ရီသင်းရဲ့ liveဗီဒီယိုလေးကို ကြည့်ပြီး ထပ်တူကြည်နူးစေမယ်လို့လည်း ထင်မိပါတယ်။

သတင်း အရင်းအမြစ် Source - Htin Lin Aung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T