ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးတဲ့ ဟာသလူရွှင်တော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာဟာ ချစ်တဲ့သူတွေကို နှုတ်ဆက်ထွက်ခွာ သွားခဲ့တာဟာ ဒီကနေ့ဆိုရင် တစ်ပတ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဦးမေတ္တာဟာ ကိုဗစ်ရောဂါ ကူးစက်ခံရကာ ဆိုးရွားစွာခံစားခဲ့ရပြီး သြဂုတ်လ (၂)နေ့မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာသပြက်လုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရယူနိုင်ခဲ့တဲ့ ဦးမေတ္တာဟာ ကွယ်လွန်ချိန်မှာတော့ အသက်(၆၇)နှစ်ပြီး ဇနီးနဲ့ သားသမီးနှစ်ယောက် ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။



သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း အနုပညာလမ်းခရီးမှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေပြီ ဖြစ်ပါတယ်။ ဦးမေတ္တာ ကွယ်လွန်သွားခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေက များစွာစိတ်မကောင်းဖြစ်ပြီး နှမျောတသဖြစ်ခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက ဦးမေတ္တာ အတွက်ရည်စူးပြီး ရက်လည် ကုသိုလ်အလှူလေးကို ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။



ဖခင်အတွက် ရည်စူးကာလုပ်ပေးခဲ့တဲ့ ကောင်းမှုကုသိုလ်အလှူမြင်ကွင်းကိုလည်း သားငယ် မေတ္တာမြင့်မြတ်ဟိန်းရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဦးမေတ္တာ ရဲ့ တစ်ပတ်ပြည့် ရက်လည်မြင်ကွင်းတွေကိုတော့ ပရိသတ်တွေလည်း များစွားစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လူတွေကို အမြဲတမ်းရယ်မောပျော်ရွှင်စေခဲ့တဲ့ ဦးမေတ္တာတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးရင်း တစ်ပတ်ပြည့် ရက်လည်အလှူမြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


သတင်း အရင်းအမြစ်៖ Source : Myittar Myint Myat Hein’s Fb acc