အောက်ဆီဂျင် ပြတ်လပ်မှုပြသနာဟာ လတ်တလောအခြေအနေမှာ အတော်လေးကို ဆိုးရွားနေတာ ဖြစ်ပါတယ်။ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာလောကမှ ကြယ်ပွင့်များလည်း များစွာကြေလွင့် ပျောက်ကွယ်နေကြတာကိုစိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။ ဒီနေ့မနက်မှာလည်း လူကြမ်းသရုပ်ဆောင် အရိုင်းမင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူချစ်ရတဲ့ မိသားစုဝင်များနဲ့ အပြီးတိုင် စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
သရုပ်ဆောင် အရိုင်းမင်းဟာ ဝါဆိုလပြည့်နေ့ မနက်ပိုင်းတွင် သန်လျင်ဘုရားကုန်းကျေးရွာနေအိမ်တွင် အောက်ဆီဂျင်ကျပြီး ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ အစကတည်းက နှလုံးရောဂါအခံရှိတယ်လို့လည်း ကြားသိရပါတယ်။လူကြမ်းသရုပ်ဆောင် အရိုင်းမင်းဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားဘဝကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်တိုင်အောင် ကျရာဇာတ်ရုပ်များတွင် ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း သရုပ်ဆောင် အရိုင်းမင်း ကွယ်လွန်တဲ့ သတင်းကြားပြီးအတော်လေးကို စိတ်မကောင်း ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့မှ ဟာသလူရွှင်တော် ဦးဒီလုံးလည်း သွေးပေါင်ကျပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ကွယ်လွန်ကြသူများအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader and Myo Win’s Facebook Account