ကွယ်လွန်သူတွေအတွက် ဝမ်းနည်းနေချိန်မှာ ဖုန်းဆက်ပြီး လှောင်ပြောင်ကြသူတချို့ကြောင့် ပိုပြီးစိတ်မကောင်းဖြစ်နေရတဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/d4/d452418f83dd8c45a62f54c11a6fc39dcf4cca0d.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိကပ်ရောဂါကာလကြီးမှာ ပြည်သူအားလုံးဟာ အပူသောကတွေကိုယ်စီနဲ့ စိုးရိမ်ပူပန်နေတာတွေကို ကြံ့ကြံ့ခံစိတ်အားတင်းကာ ကြိုးစားဖြတ်ကျော်နေကြရတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင်ကျော်ကျော်နန္ဒကတော့ လက်ရှိမှာ ကျန်းမာရေးအတွက် မိဘနဲ့ မိသားစုတွေကို ဂရုစိုက်နေရတဲ့အပြင် စာနာစိတ်ကင်းသူတွေကြောင့် စိတ်မကောင်းဖြစ်လို့ နေပါတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

ကျော်ကျော်နန္ဒကတော့ ကွယ်လွန်သူတွေအတွက် စိတ်ထိခိုက်နေရတဲ့အချိန်မှာ သူ့ဆီကို ဖုန်းဆက်ပြီး လှောင်ပြောင်တဲ့ လူတချို့နဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။

အခုလို စိတ်မကောင်းဖြစ်နေရတဲ့အချိန်မှာ တကူးတက ဖုန်းဆက်လှောင်ပြောင်ကြတဲ့ စာနာစိတ်ကင်းသူတွေကို အံ့ဩမိပေမယ့် ပြည်သူတွေ ဘေးကင်းဖို့ကိုလည်း ဆုတောင်းစကားပြောထားပါသေးတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

"ခုချိန်မှာ မိဘနဲ့ကျနော်မိသားစု /ကျနော်ကိုယ်လည်း ကျနော်ဂရုစိုက်နေရပါတယ် ထိုပြင် ကွယ်လွန်သွားကြတဲ့သူတွေအတွက် လည်းစိတ်မကောင်းချိန်​တွေမှာ ကျနော်ကို ဖုန်းဆက်ပြီး လှောင်နိုင်တဲ့ လူတချို့ရဲ့စိတ်ကို အံဩမိပါတယ်ပါ ကျန်းမာဘေးကင်းကြပါစေ.." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို ပြည်သူတွေအားလုံး ရောဂါကပ်ဆိုးတွေကြောင့် ပူပင်သောကတွေရောက်နေရတဲ့အချိန်မှာ စာနာစိတ်ကင်းစွာ လှောင်ပြောင်မှုတွေ မပြုလုပ်ကြဘဲ အချင်းချင်းအားပေးရင်း ဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T