လတ်တလောမှာ ကိုဗစ်ရောဂါကြောင့် အခက်အခဲတွေရဲ့ ကြုံတွေနေရတာတွေကို ပြည်သူအချင်းချင်းကပဲ ကူညီပေးလာကြတာ တွေ့ရပါတယ်။ တစ်အိမ်လုံး နေမကောင်းတဲ့ မိသားစုတွေကို စားသောက်စရာတွေနဲ့ ဆေးဝါးတွေကို ကူညီလှူဒါန်းပေးကြသလို တချို့မှာလည်း အကြပ်အတည်းတွေကြားထဲကနေ အာဟာရဒါန တွေကို ပေးဝေလှူဒါန်းပေးလာကြပါတယ်။ ဒီလိုလှူဒါန်းပေးနေတဲ့ စေတနာရှင်တွေထဲမှာ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်ဘေဘီမောင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=801,q=100/14/14dee7f68b602f70a36b92dff5cafe067920e220.jpg)
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=449,q=100/34/340aaa323ce2e8eeb7529d31258013afa27165a0.jpg)
ဘေဘီမောင်ကတော့ ဇူလိုင်လ(၂၁)ရက်နေ့က တတိယအကြိမ်မြောက် မွန်မြတ်တဲ့ အလှူလေးတစ်ခု ထပ်မံပြုလုပ်ခဲ့တာလေးကို လူမှုကွန်ယက်ပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ လတ်တလောပြန်လည်ကူးစက်နေတဲ့ ကိုဗစ်ရောဂါကို ခုခံနိုင်အောင် ကိုယ်ခံအားကောင်းစေဖို့ ရည်ရွယ်ပြီး အနီးပတ်ဝန်းကျင်က ပြည်သူတွေအတွက် အာဟာရဒါနအဖြင့် နွားနို့ဆန်ပြုတ်ကို ချက်လုပ်ပြီး လှူဒါန်းပေးလာခဲ့တာ ဖြစ်ပါတယ်။
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=800,q=100/1d/1d8bb97d46f0c090aaaf707be7795583a38dc029.jpg)
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=800,q=100/c9/c9a9484f8f7cb43ab084b59832c8596e02552585.jpg)
အရင်ရက်တွေကလည်း ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်တွေကို လှူဒါန်းပေးခဲ့ပြီး ယခုတတိယအကြိမ်မြောက် နွားနို့ဆန်ပြုတ်ကို ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုယ်ခံအားကောင်းဖို့အတွက် လေးရက်ဆက်တိုက် အာဟာရဒါနအဖြင့် ဆန်ပြုတ်တွေကို လှူဒါန်းပေးသွားမယ်လို့လည်း သူ့ရဲ့ လူမှုကွန်ယက်မှာဖော်ပြထားတာ တွေ့ရပါတယ်။ ပြည်သူတွေအတွက် အားရှိအောင် အာဟာရဒါနအနေဖြင့် နွားနို့ဆန်ပြုတ်ကို လှူဒါန်းပေးခဲ့တဲ့ ဘေဘီမောင်ရဲ့ ကြည်နူးစရာ အလှူမြင်ကွင်းတွေကို ထပ်တူသာဓုခေါ်ဆိုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=801,q=100/ff/ffbf8354de82deba2bdc67e2f9a120cafacb932a.jpg)
![Photo Credit - Baby Maung fb account](https://s9.kh1.co/__image/w=600,h=801,q=100/95/95df38ce1581760fdacc5bb40d6d046d10ae450c.jpg)
သတင်း အရင်းအမြစ်៖ Source - Baby Maung fb account