အသိဉာဏ်ပညာမရှိတဲ့ အာဏာရှင်တစ်စုရဲ့လက်အောက်မှာ မျိုးဆက်သုံးဆက်လောက် နေခဲ့ရတဲ့ အကြောင်းရင်းကို ပြတ်သားစွာ ပြောချလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/e9/e9aed3389408d0a95339185475f27aadf4e857fd.jpeg
အနုပညာရှင်များ

 ០៥-កក្កដា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

.

အာဏာရလူတစ်စုဟာ ပြည်သူတွေ အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် အဘက်ဘက်ကနေ အမျိုးမျိုးသွေးခွဲနေကြတာ ဖြစ်ပါတယ်။ အခုလိုလုပ်ရက်တွေဟာ အခုမှလုပ်တာမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နည်းလမ်းဟောင်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုနည်းမျိုးနဲ့ ဖြစ်ဖြစ် သွေးခွဲနေပါစေ ပြည်သူတွေအားလုံး သတိကြီးစွာဖြင့် နေထိုင်ကြဖို့ လိုကြောင်း သရုပ်ဆောင် မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

သူတို့ရဲ့အဓိကလက်နက်တွေက လက်နက်ကြီး၊ သေနတ်၊ လေယာဉ်တွေ မဟုတ်ဘဲ သွေးခွဲတဲ့ နည်းဖြင့်သာ လူထုကို နှစ်ပေါင်းများစွာ ကျွန်လုပ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေး ၊ လူမျိုးရေ ၊ ဘာသာရေးစတဲ့ သွေးကွဲစေမယ့် ကိစ္စများကို နောက်ထပ်  လုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး သူငယ်ချင်းတွေ လင်မယားများနဲ့  မိသားစုတွေကိုပါ သွေးခွဲလိမ့်မယ်ဆိုပြီး ရေးသားထားပါတယ်။ ဒါ့ကြောင့် ပြည်သူများအနေနဲ့ အချင်းချင်းစိတ်ဝမ်းကွဲစေမယ့် အရာများကို ရှောင်ကြဉ်ဖို့လိုကြောင်း သတိပေးစကားလေး ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထူထောင် ထားတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သွေးမကွဲကြဘဲ တောင်တန်း  မြေပြန့်ဒေသက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံး ရင်ဘတ်တစ်ခုထဲ တစ်သွေးတည်းတစ်သားတည်း ဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ အားလုံးလိုချင်နေကြတဲ့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကိုတည်ထောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အရေးတော်ပုံအောင်မြင်ဖို့ ပြည်သူအချင်းချင်း လိုအပ်တဲ့နေရာကနေတတ်နိုင်သလောက် ပါဝင်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T