Idiots အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အဆိုတော်ရေမွန် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံကြည်နိုင်သေးသလို ပရိသတ်တွေရော ခင်မင်ရသူတွေပါ မိသားစုနဲ့အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အရည်အချင်းရှိတဲ့ အဆိုတော်ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။

ရေမွန်ကို ချစ်ခင်ကြသူ အားလုံးကလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးကြသလို သစ်ပင်လေးတွေလည်း အမှတ်တရ စိုက်ခဲ့ကြပါတယ် ။ တစ်ချို့ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို တစ်သက်လုံး ကျန်ရှိနေစေချင်တာကြောင့် တက်တူးများ ထိုးခဲ့ကြတာကိုတွေ့ရပါတယ် ။ ရေမွန်ကို ချစ်ခင်ကြတဲ့ သူတွေအားလုံးကတော့ ခုချိန်အထိ မမမေ့နိုင်သေးဘဲ လွမ်းဆွတ် သတိရနေကြဆဲဆိုတာ အမှန်ပါပဲနော် ။


အခုလည်း ရေမွန်ရှိစဉ်က သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းလေး တစ်ပိုဒ်ကို မေက အမှတ်တရ သီဆိုပြရင်း ဖေ့ဘွတ်စာမျက်နှာလေးထက်မှာ ဝေမျှခဲ့ပါတယ် ။ သီချင်းလေးနဲ့ ပတ်သက်ပြီးလည်း " စဉ်းစားပါ... (ရေး - တွတ်ပီ , ဆို - me ) ဒီသီချင်းက တွတ်ပီ ဟိုးအရင်ကရေးထားတဲ့သီချင်း မေကကြိုက်လို့ပြန်ဝယ်မယ်ဆိုပြီး လုပ်ထားတာ သို့ပေမယ့် Chorus ကိုပဲ ကြိုက်လို့သူ့ဆီကဝယ်ထားတာ.. Verse ကတော့ သူပြန်ရေးမယ်ဆိုရင် ထုံးစံအတိုင်းကြာမယ်ဆိုလို့ တစ်ယောက်ယောက်နဲ့ ရေးဖို့လုပ်ထားတာပါ သီချင်းကတစ်ဝက်ကြီးပေါ့လေ။ ပြီးတော့ မေ Piano learning လုပ်နေတာ 8 ရက်ရှိပြီ.. ပထမဦးဆုံး Chords ရှာတတ်တဲ့ သီချင်းလေးမို့ အမှတ်တရတင်လိုက်ပါတယ်.. ဘယ်တော့ထွက်ဖြစ်မလဲဆိုရင်တော့ မေကိုယ်တိုင်တောင်မသိတော့ပါဘူးကွယ်…" ဆိုပြီး သူရဲ့ ခံစားချက်လေးတွေကို ပါ ရေးသားဖော်ပြထားရာ သီချင်းလေးက အရမ်းနားထာင်ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။