မနေ့ကတော့ အဆိုတော် ရေမွန်ကွယ်လွန်တာ ခုနှစ်ရက်ပြည့်မြောက်ပြီဖြစ်တာကြောင့် သူနေထိုင်ခဲ့တဲ့ အိမ်မှာပဲရက်လည်ဆွမ်းကျွေးတရားနာပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် နာရေးကို လူနည်းငယ်သာ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ နာရေးကို လာကြသူတိုင်းကလည်း သူ့ရဲ့ အိပ်ခန်းလေးကို ဝင်ကြည့်ပြီးလွမ်းဆွတ်သတိရနေကြတာ ဖြစ်ပါတယ်။


မနေ့ညကလည်း ရေမွန်ရဲ့ ညီမဖြစ်သူ လပြည့်ကဗျာက သူမရဲ့ လူမှုကွန်ယက်တွင် အစ်ကိုဆုံးပါးသွားချိန်ကစပြီးရက်လည်တဲ့ အချိန်ထိဘေးမှာ အစအဆုံး ပါဝင်ကူညီပေးကြသူတိုင်းကို ကျေးဇူးတင်ရှိကြောင်း ရေးသားထားတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက ဗြုန်းစားကြီး ခွဲခွာသွားတာကြောင့် အားလုံးရဲ့ တာဝန်တွေက သူမအပေါ်ကျရောက်လာပြီး မလွယ်ကူမှန်းသိပေမယ့် အကောင်းဆုံးရှင်သန် ရပ်တည်ပါ့မယ်လို့ ကတိပေးကြောင်းကိုလည်းရေးသားထားပါတယ်။ လူသေသွားပေမယ့် နာမည်မသေတဲ့ သူ့အစ်ကိုအတွက် သိပ်ကိုဂုဏ်ယူကြောင်းကိုလည်းအခုလို ပြောပြထားတာ ဖြစ်ပါတယ်။



" ဘပီ ရက်လည်နေ့မှာ အားလုံးဝိုင်းဝန်း ကူညီပေးကြလို့အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဘပီရက်လည် အစမှသည် အဆုံး ပါဝင်ကူညီပေးတဲ့Idiots မိသားစုဝင်များ ကြွရောက်ပေးကြတဲ့ ဧည့်သည်များအားလုံးနှင့်တကွနာရေးကူငွေများ လှူပေးကြတဲ့ အနယ်နယ်အရပ်ရပ်ကချစ်ခင်သူများ အားလုံးက်ို ရင်ထဲလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။Covid အခြေအနေအရ အခက်ခဲရှိလို့လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော် ဗြုန်းစားကြီး ဘပီခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ်ပုံကျလာတယ် သိပ်တော့မလွယ်ကူလှဘူးဆိုတာသိပေမယ့် ညီမလေးတို့မိသားစု အကောင်းဆုံးရှင်သန်ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ်။ လူသေသော်လည်း နာမည်မသေတဲ့ ငါ့အကိုအတွက်သိပ်ဂုဏ်ယူတယ် ♥" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဝမှာ အစ်ကို့ရဲ့ အရိုးပြာကို ကိုယ်တိုင်ကောက်ရမယ်လို့ထင်မထားကြောင်း ဝမ်းနည်းခြင်းများစွာဖြင့် ရင်ဖွင့်ရေးသားထားပါသေးတယ်။ ရေမွန်ဟာ သူသေသွားတဲ့အခါ မီးသဂြိုလ်မှာကို အရမ်းမုန်းပြီး အအေးကြိုက်တဲ့သူမို့ အပူဒဏ်ကို မခံနိုင်ဘူးဆိုတဲ့အကြောင်းကိုလည်း စိတ်မကောင်းစွာနဲ့ ပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန်တစ်ယောက် သူချစ်တဲ့ သီချင်းတွေနဲ့ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Lapyae Kabyar’s Facebook Account


