မိဘတွေကရှောင်တိမ်းနေရပြီး မွေးရာပါရောဂါကြောင့် ကုသမှုတွေအရေးတကြီးလိုအပ်နေတဲ့ ကလေးအတွက် အကူအညီတောင်းခံလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/15/15985581249f94da19e2547df25631f5a7c62afb.jpeg
အနုပညာရှင်များ

 ၂၉-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

..

သရုပ်ဆောင်မင်းသမီးချော ဆောင်းယွန်းစံကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေပြုလုပ်ရင်း အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေအတွက် ဖေးမကူညီမှုတွေ ပြုလုပ်ပြီး အများအကျိုးအတွက် အားဖြည့်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

မကြာခဏဆိုသလို လှူဒါန်းနေတဲ့ ဆောင်းယွန်းစံကတော့ အခုတစ်ခါမှာလည်း မိဘတွေအနားမှာ မရှိဘဲ မွေးရာပါသရက်ရွက်ကြီးပြီး ဗိုက်တွေဖောင်းကားနေတဲ့ အသက်(၁၈)နှစ်အရွယ် လူငယ်လေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ရင်း တတ်နိုင်တဲ့ပြည်သူတွေကိုလည်း အကူအညီတောင်းခံလာပါတယ်..။

အသက်(၁၈)နှစ်ဆိုပေမယ့် ရောဂါရဲ့ ဖိစီးနှိပ်စက်မှုကြောင့် ခန္ဓာကိုယ်အရွယ်က ဖွံ့ဖြိုးမှုမရှိဘဲ ကလေးသာသာအရွယ်မှာပဲ ရပ်တန့်နေရှာပြီး မိဘနှစ်ပါးလုံးကလည်း ရှောင်တိမ်းပြေးနေရတာကြောင့် ဆေးဝါးကုသဖို့အတွက် အခက်အခဲတွေ ဖြစ်နေတာမို့ တတ်နိုင်သလောက် ကူညီလှူဒါန်းကြဖို့ကို ဆောင်းယွန်းစံက တိုက်တွန်းပြောပြထားတာပါ..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

“မွေးရာပါ သရက်ရွက်ကြီးတာပါ

လက်ပွန်းတတီး နေခဲ့တဲ့ ကလေးမို့

ဗိုက်ကတော်တော်ဖောင်းနေမှန်းသိပါတယ်

အသက်က 18 နှစ်ပေမယ် ဒီခန္ဓာ က ကို တက်မလာပါဘူး 

လိုအပ်နေတာက ဆေးဝါးထောက်ပံ့မှုပါ....

မိဘနှစ်ပါးလုံးက လက်ရှိအခြေအနေကြောင့် ပြေးနေရပါတယ်....

ကျွန်တော်လည်း ကိုယ့်မိသားစုအရေးနဲ့မို့

အများကြီး မထောက်ပံ့နိုင်ပါဘူးခင်ဗျာ

တခုခုဆို အကူအညီတောင်းနေမိလို့လည်း အားနာပါတယ်ဗျ

နိုင်သလောက်လေး ကူပေးကြပါဦးခင်ဗျ ?

Ps ဆောင်းနဲ့ခင်တဲ့ သူတယောက်က အကူအညီတောင်းလို့ပါ... ကလေးအတွက် တတ်နိုင်သလောက်လေး ကူပေးကြပါဦးနော်.. 

 ဆောင်းလဲလှူရင်းကိုယ်တိုင်သွားလှူပေးပါ့မယ်..ပါဝင်လှုဒါန်းပေးကြပါဦးနော် ???.." ဆိုပြီး ဆောင်းယွန်းစံက ပြောပြဝေမျှထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ ဝေဒနာရှင်ကလေးငယ်လေးအတွက် ပြည်သူပရိသတ်တွေက စာနာစိတ်လေးတွေနဲ့ စိတ်မကောင်းဖြစ်နေကြပြီး အားပေးရင်း လှူဒါန်းမှုတွေမှာ ပါဝင်ကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

သတင်း အရင်းအမြစ် Saung Yoon San's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T