သရုပ်ဆောင် မင်းသမီး နန်းစန္ဒာလှထွန်းကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တွေထဲကတစ်ဦးပဲ ဖြစ်ပါတယ် ။ နန်းစန္ဒာလှထွန်းက လူထုလှုပ်ရှားမှုတွေမှာ သူမကိုယ်တိုင် တက်တက်ကြွကြွပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး မကြာခဏဆိုသလို ဆန္ဒထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ် ။


အခုဆိုရင်လည်း နန်းစန္ဒာလှထွန်းက သူမတတ်နိုင်တဲ့နေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ နန်းစန္ဒာလှထွန်းက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို အကြံပေးစကား ပြောကြားထားတာ ဖြစ်ပါတယ် ။ နန်းက အခုနောက်ပိုင်းမှာ အဖမ်းခံရတဲ့သူတွေအတွက် Speak Out လုပ်ပေးပါဦးဆိုပြီး တင်တာက သူတို့ကိုအဆင်မပြေဖြစ်စေနိုင်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။


နန်းစန္ဒာလှထွန်းက "တော်ကြာ ကိုယ့်ဘက်ကလုပ်ပေးလို့ ပိုသိကြမှ ဖမ်းခံရတဲ့သူက ပိုပြီးနှိပ်စက်ခံနေရမှာစိုးလို့ပါ … အခုချိန်မှာ အဲ့လို speak out လုပ်လည်း ဘာမှထူးမသွားလို့လေနော်" ဆိုပြီး သူမရဲ့အမြင်လေးကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ နန်းကတော့ အဖမ်းခံထားရတဲ့သူတွေ မလိုအပ်ဘဲ ပိုဒုက္ခရောက်ကုန်မှာစိုးတာကြောင့် အခုလိုပြောထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နန်းက ပြည်သူတွေအနေနဲ့ အဖမ်းခံရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုရင် စာလေးတင်ပြီး ဆုတောင်းပေးလို့ရကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။
Source & Photo Credit -Nan Sandar Hla Htun's FB Acc








