လူမှုကွန်ယက်တွင် လတ်တလော မြင်တွေ့နေရတဲ့သတင်းတွေကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်းဖြစ်နေတဲ့ မေ

//s9.kh1.co/68/68044d4a83f0d242639fc68945f44edf2d8cba0d.jpeg
အနုပညာရှင်များ

 ၂၈-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

.

ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ အဆိုတော် ရေမွန်အတွက် ပရိသတ်တွေသာမကဘဲအနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများအားလုံးကပါ နှမျောတသ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လူသေသွားသော်လည်း နာမည်မသေသွားတဲ့ ရေမွန်ရဲ့ သီချင်းတွေကို အခုထိ အားပေးနားဆင်နေကြတာ ဖြစ်ပါတယ်။  ရေမွန်ကို ချစ်ကြသူများအားလုံးက သူ့အတွက် ရည်ရွယ်ပြီး  ကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်လေးတွေကိုယ်စီစိုက်ပျိုးကြဖို့ Raymond Tree ဆိုတဲ့ campaign တစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd-Wai Mon Oo’s  Facebook Page 
Photo Crd-Wai Mon Oo’s  Facebook Page 
Photo Crd-Wai Mon Oo’s  Facebook Page 
Photo Crd-Wai Mon Oo’s Facebook Page 

ရေမွန်ကွယ်လွန်တာ ရက်ပိုင်းပဲ ရှိသေးပေမယ့် သူနဲ့ ပတ်သက်တဲ့ တစ်ချို့အကြောင်းအရာတွေဟာ Facebook ပေါ်တွင် အခုထိ မငြိမ်သက်သေးပဲ ပြောနေကြဆဲ ဖြစ်ပါတယ်။ မနေ့ညကလည်း အဆိုတော် မေရဲ့ Facebook Page တွင် သူ့သူငယ်ချင်းနဲ့ ပတ်သက်ပြီး ခံစားနေရတဲ့အကြောင်းလေးတွေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ ဒါကတော့ လူမှုကွန်ယက်တွင် လတ်တလော မြင်နေရတဲ့သတင်းတွေကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်းဖြစ်နေကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 

" တွတ်ပီရဲ့ “သဘာဝနဲ့ငါ” သီချင်းကိုနားထောင်ချင်တယ်.. သူ Live မှာပြောသွားတာ ဒီ society ကြီးကို စိတ်ကုန်ပြီးသဘာဝနဲ့နီးတဲ့နေရာကို တစ်ယောက်ထဲ ဒိုးသွားတဲ့အကြောင်းတဲ့.. အခု ဒီ societyကြီး က သူသွားတာတောင်ရက်ပိုင်းပဲရှိသေးတယ် ဖြစ်နေကြတဲ့ပွဲတွေကို သူသိရင်လည်း စိတ်ကောင်းမယ်မထင်ဘူး.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မေကလည်း အခုလိုပွဲတွေ ဖြစ်နေတာထက်စာရင် ရေမွန်ရဲ့ ဘယ်သီချင်းတွေကို အကြိုက်ဆုံးဖြစ်ခဲ့ကြောင်းနဲ့ ဘယ် show မှာ ဘယ်လိုအားပေးခဲ့တာတွေ ရေးသားကြမယ်ဆိုရင် သူလည်း ပိုသဘောကျမှာ ထင်ကြောင်း ပြောပြထားတာပါ။ ရေမွန်နဲ့ဆုံဖြစ်လို့ သီချင်းဆိုခိုင်းတဲ့ အခါတိုင်းလည်း " ချန်ခဲ့ကလွဲလို့ တခြားသီချင်းတောင်းကြဟာတဲ့.. သူခဏခဏဆိုရလို့ မဆိုချင်ဘူးတဲ့ သူပြောတာလေး မှတ်မိလိုက်လို့ပါ" ဆိုပြီး အမှတ်တရအချို့ကိုလည်း သတိတရနဲ့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May’s Facebook Page 

Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Photo Crd-May’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T