သရုပ်ဆောင် မင်းသား နေဒွေးကတော့ အနုပညာပိုင်းမှာ အောင်မြင်စွာ ရပ်တည်နေသလို စီးပွားရေးဘက်မှာလည်း ဆန်လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး အောင်မြင်မှုတွေ ရရှိထားသူပဲ ဖြစ်ပါတယ်။နေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ လည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ကာ အလှူလေးတွေနဲ့ ပါဝင်ခဲ့ပါတယ် ။


အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူပရိသတ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း မကြာခဏတွေ့ရပါတယ်။ ဒီနေ့ ဇွန်လ (၂၆) ရက်နေ့မှာလည်း အရမ်းကို မွန်မြတ်တဲ့ စုပေါင်း အလှူလေးတစ်ခုပြုခဲ့ပါတယ် ။ အရှေ့ဒဂုံ ၁၃ရပ်ကွက် မှာ ရေကြီး ရေလျှံ ဖြစ်ပွားနေတာကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွား များအတွက် သူကိုယ်တိုင်ရောင်းချနေတဲ့ JITTOO ဆန်အိတ် (၁၀၀) ကို သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။


ဒီလို မိုးတွင်းကာလမှာ ရေကြီး ရေလျှံ မှုတွေကြောင့် သွားလာရခက်ခဲပြီး အသက်အရွယ်အရ လမ်းမလျှောက်နိုင်တဲ့ အဖိုးအဖွားတွေ အတွက်ကတော့ နေဒွေးရဲ့ အလှူလေးကြောင့် အဆင်ပြေမှုတွေ ရရှိသွားကြမှာ အမှန်ပါပဲ ။ အလှူပုံရိပ်လေးတွေ နဲ့အတူ " အရှေ့ဒဂုံ ၁၃ရပ်ကွက် ရေကြီးပြီးစားဝတ်နေရေးအခက်အခဲဖြစ်နေသော သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ပြည်သူများကို JITTOO ဆန်အိတ် ၁၀၀ လှုဒါန်းခဲ့ပါသည် ကျွန်တော်နှင့်အတူ ပူးပေါင်းလှုဒါန်းကြသောအလှု့မိတ်ဆွေ အကို , အမ နှင့် ညီအကိုမောင်နှမ များအားလုံး ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ" ဆိုတဲ့ စာလေးကိုပါ ရေးသား ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း နေဒွေးလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

