ကြေကွဲစရာတွေအပြည့်နဲ့ လိုက်ပါပို့ဆောင်သူတိုင်းကို ငိုပွဲချစေခဲ့တဲ့ ရေမွန်ရဲ့နောက်ဆုံးခရီး ပုံရိပ်တွေ

//s9.kh1.co/18/18f42d77ec377f3d03f5f2c0204a9838fb55cbc8.png
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၅ နှစ် က

..

ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့နောက်ဆုံးခရီးကို ဒီနေ့ ဇွန်လ (၂၅) ရက်နေ့မှာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ ယုံကြည်ချက်တစ်ခုအတွက်နဲ့ တောထဲဝင်သွားခဲ့ပြီး မတရားမှုကိုမတွန်းလှန်နိုင်လိုက်ခင်မှာ အသက်ဆုံးရှုံးသွားတဲ့ အဆိုတော်ကြီးအတွက် အားလုံးက ယူကျုံးမရဖြစ်နေခဲ့ပါတယ်။ မိခင်နဲ့ညီမဖြစ်သူကို သိပ်ချစ်ပြီး အပေါင်းအသင်းတွေ အပေါ်မှာလည်း စိတ်ကောင်းထားကာ အမြဲကူညီတတ်သူမို့ လူကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာ တကယ်ကိုနှမြောစရာကောင်းလွန်းပါတယ်။

Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc

ဒီနေ့မှာတော့ တောထဲမှာပဲ ထင်းမီးပုံလေးတွေလုပ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို မီးသဂြိုလ်ခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေအလွမ်းပြေစေဖို့ ရေမွန်ရဲ့သူငယ်ချင်းတစ်ယောက်က လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။ ရေမွန်ရဲ့ပရိသတ်တွေ သူ့ကိုနောက်ဆုံးပြောချင်တဲ့ စကားလေးတွေကိုလည်း မှတ်ချက်ပေးခိုင်းခဲ့ပြီး ဒီမှတ်ချက်တွေကို Print ထုတ်ကာ သူ့နဲ့အတူ သဂြိုလ်ပေးခဲ့ပါတယ်။ ရေမွန်သာဒီစာတွေကို ဖတ်ဖြစ်မယ်ဆိုရင် သူ့ကိုသိပ်ချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာကိုခံစားမိပြီး ကျေနပ်နေမှာပါ။

Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc

ပကာသနတွေအများကြီးမပိုင်ဆိုင်ခဲ့ပေမယ့် ဖန်တီးခဲ့တဲ့ ဂီတအနုပညာကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ လူသေသွားပေမယ့် သူ့ရဲ့သံစဉ်တွေဟာတော့ နှစ်သက်သူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲတမ်းစီးဆင်း နေဦးမှာပါ။ သီချင်းအသစ်တွေမဖန်တီးနိုင်ပေမယ့် ဖန်တီးခဲ့တဲ့ အနုပညာတွေဟာလည်း အမြဲတမ်းလတ်ဆတ်နေဦးမှာပါပဲ။ ဆောင်းဦးမှာပွင့်ပြီး မိုးဦးမှာကြွေလွင့်ခဲ့တဲ့ တော်လှန်ရေး ပန်းလေးတစ်ပွင့် ကောင်းမွန်ရာအရပ်ဒေသမှာ အစွမ်းကုန်ပြန်လည်ပွင့်လန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc
Photo Credit - Sek Paing Htoon's FB Acc

သတင်း အရင်းအမြစ် Sek Paing Htoon's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T