သရုပ်ဆောင်နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အတိုင်းအတာတစ်ခုထိရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ သတ္တိရှိရှိနဲ့ ရပ်တည်လျက်ရှိနေတဲ့ သူမကတော့ ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေကို လူမှုကွန်ယက်ထက်တင်ပေးသလို တိုင်းပြည်မှာလက်တလောဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို မကြာခဏမျှဝေပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်ထက်မှာ ပြန်လည်ပြောပြလေ့ရှိပါတယ်။


ယနေ့လေးကတော့ အပြုံးချိုချိုလေးနဲ့ အနေအေးဆေးတဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းရဲ့ အသက်(၂၂)ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့ မွေးလ၊ မွေးရက်ထပ်တူကျတဲ့ နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့မှာ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။ သူမကတော့ အသက်(၂၂)ပြည့်မွေးနေ့လေးမှာ ပြည်သူတွေအရမ်းလိုချင်တောင်းတနေတဲ့ Democracyကိုအမြန်ဆုံးရရှိစေဖို့ တောင်းဆုပြုလိုက်ပါတယ်။


သူမကတော့ "ဒီနေ့ (၂၂)ရက်နေ့ မွေးနေ့ မွေးလ မွေးရက်ထပ်တဲ့မွေးနေ့လေးမှာ အလိုချင်ဆုံး မွေးနေ့လက်ဆောင်ကတော့ ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းတဲ့ Democracy ကိုအမြန်ဆုံးရရှိပါစေ လို့ပဲတောင်းဆုပြုချင်ပါတယ် " ဆိုပြီး မွေးနေ့လေးမှာ သူမလိုချင်တဲ့အရာလေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မှာ အသက်(၂၂)နှစ်ပြည့်မွေးနေ့လေးကို ကျရောက်လာတဲ့ မင်းသမီးချောနန်းစန္ဒာလှထွန်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : nan sandar hla htun' s facebook acc







