သူတို့ငါးယောက်လုံး ရယ်စရာတွေမပြောနိုင်တော့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖွင့်ဟပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်

//s9.kh1.co/e8/e8e37afad7f4fc5381d34731550a46d5929e19d0.jpg
အနုပညာရှင်များ

 ၂၁-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၅ နှစ် က

သူတို့ငါးယောက်လုံး ရယ်စရာတွေမပြောနိုင်တော့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖွင့်ဟပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်

လူရွှင်တော်တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေမှာ စစ်ရေးလေ့ကျင့်ရေးသင်တန်း သွားတက်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး တောထဲကိုထွက်လာခဲ့တဲ့ သူတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်ပြီး ပြည်သူတွေနဲ့အတူ ရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc

တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျဘဲ အမြဲတမ်း တက်ကြွနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က ပြည်သူတွေ အားတက်စေဖို့အတွက်ပါ အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ် ။ အခုလည်း တိုင်းကျော်က အရင်ကဆိုရင် စင်ပေါ်မှာ လူရွှင်တော်ဝတ်စုံနဲ့ ဟာသပြောရတဲ့ဘဝကို ဘာနဲ့မှမလဲနိုင်ခဲ့တဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc

ဒါပေမဲ့ အခုချိန်မှာတော့ ပြည်သူတွေထဲက တစ်ချို့မိသားစုတွေ ငိုနေရတာမြင်ပြီး သူတို့ရယ်စရာတွေ မပြောနိုင်တော့ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် တိုင်းကျော်က သူတို့အဖွဲ့ကို ဂရုစိုက်ပါ၊အားတင်းထားပါလို့ မပြောဘဲ ပြည်သူတွေသာ ဂရုစိုက်ပြီးနေကြဖို့ ပြောထားတာ ဖြစ်ပါတယ် ။ တစ်ချိန်တုန်းက ပျော်တော်ဆက်တွေဖြစ်ခဲ့ပေမယ့် အခုတော့ အသည်းမာစပြုနေတဲ့ ပြည်သူ့ရဲဘော်တွေဖြစ်နေပြီဆိုတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ပုံရိပ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Taingkyaw's FB Acc

Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Photo Credit-Taingkyaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T