BTS အဖွဲ့၀င် Jungkook ဟာဆိုရင် ငယ်စဉ်ကတည်းက သူရဲ့ အိပ်မက်တွေနောက်ကိုလိုက်ရင်း ခုချိန်မှာ ငယ်ငယ်တုန်းကနဲ့မတူတော့ပဲ အများကြီး ပြောင်းလဲလာခဲ့ပါပြီ။ ဒါကြောင့် သူပြောင်းလဲခဲ့တဲ့ အရာ ၄ ခုကိုတော့ အောက်မှာဖော်ပြလိုက်ပါတယ်။

1.His Shyness

Mnet ရဲ့ New Yang Nam Show မှာတုန်းက BTS အဖွဲ့၀င်တွေဟာ Jungkook ရဲ့ အရမ်းရှက်တက်တဲ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ အစ်ကိုကြီးတွေက သူတို့ညီလေး Jungkook ကို သီချင်းဆိုခိုင်းရင် မဆိုပါဘူး...ဘာကြောင့်လဲဆိုတော့ သူကအရမ်းရှက်နေတက်လို့ပါ။ အကယ်လိုများတစ်ယောက်ယောက်က ဆိုဖို့ဆက်ပြီး တောင်းဆိုနေမယ်ဆို Jungkook အနေနဲ့ငိုပါလိမ့်မယ်လို့ပါ ပြောပြခဲ့ဖူးပါတယ်။
2. Being more understanding

အင်တာဗျူးတစ်ခုမှာ Jungkook ကို 5 နှစ်တာအတွင်း ဘာတွေပြောင်းလဲသွားခဲ့လည်းဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ သူအနေနဲ့ အဲ့ချိန်တုန်းက နောက်ပြောင်မှုတွေများစွာပြုလုပ်ခဲ့ဖူးပြီး မာနကြီးသူလည်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သို့သော် BTS ထဲကသူရဲ့အစ်ကိုကြီးတွေနဲ့ တွေ့တဲ့အခါမှာတော့ Jungkook ဟာ တည်ငြိမ်သူဖြစ်သွားခဲ့ပါတယ်။ အဲ့အပြင် သူဟာတခြားသူတွေပေါ်မှာလည်း ပိုနားလည်တဲ့သူ ဖြစ်လာပါပြီ။
3.Allowing ARMYs to call him “oppa“

Jungkook ဟာဆိုရင် အရင်တုန်းက ARMY တွေသူကို့ Oppa လိုခေါ်တာမကြိုက်ပါဘူး။ Oppa ဆိုတာ မိန်းကလေးတွေက သူတို့ရဲ့ချစ်သူကောင်လေး သူတို့ထက်ကြီးရင်ခေါ်ဆိုတဲ့ ချစ်စနိုးအခေါ်အဝေါ်ပါ။ Fansign တစ်ခုမှာ ARMY တစ်ယောက်က "Jungkook Oppa " ဆိုပြီး အော်ခေါ်လိုက်နဲ့အချိန်မှာ Jungkook ဟာချက်ချင်းပဲ သူမရဲ့ Oppa မဟုတ်ဘူးဆိုပြီး ပြောခဲ့ဖူးပါတယ်။ အချိန်တွေကြာလာခဲ့ပြီး ခုချိန်မှာတော့ သူ့ကို Oppa လို့ခေါ်လည်း ဘာမှမဖြစ်တော့ပါဘူး။
4. His confidence

tvN ရဲ့ You Quiz On The Block ဆိုတဲ့ အပိုင်းတစ်ခုမှာ Jungkook ဟာ BTS အဖွဲ့၀င်တစ်ယောက်အနေနဲ့ အစောပိုင်းကာလတွေမှာ ရုန်းကန်ခဲ့ရကြောင်း ပြောပြခဲ့ဖူးပါတယ်။အကြောင်းအရင်းကတော့ အဖွဲ့ရဲ့ အဓိက အဆိုတော်တစ်ယောက်အနေနဲ့ သူ့ကိုသူ မေးခွန်းတွေ ပြန်လည်မေးခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။ အဲ့တာကတော့ " ငါပွဲဦးထွက်တဲ့အချိန်ကစပြီး ငါဟာ Main Vocal တစ်ယောက်ဖြစ်လာခဲ့တယ်။ တခြားအဖွဲ့ဝင်တွေမှာလည်း အဆိုလည်းကောင်း အကလည်းကောင်း ရုပ်လည်းချောပြီး ကြည့်ကောင်းကြတယ်။ ငါကဘာလဲ...ငါဒီအဖွဲ့ရဲ့ Main Vocal ဖြစ်နိုင်မှာလား။ " ဆိုပြီးပဲဖြစ်ပါတယ်။ Jungkook ဟာအဲ့နောက်မှာတော့ ကြိုစားခဲ့ပါတယ်။ သူဟာ ကားထဲမှာရော ရေချိုးချိန်ပါမကျန် အမြဲတမ်း သူ Vocal နဲ့ပတ်သတ်လို့ လေ့ကျင့်ကြိုးစားခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သူဟာ သူ့အသံနဲ့ပတ်သတ်လို့ ယုံကြည်မှုရှိခဲ့ပြီး သူ့ရဲ့အစ်ကိုကြီးတွေလည်း အဲ့ဒါကို သိရှိမြင်နိုင်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Koreaboo