ကြေကွဲစရာကောင်းတဲ့ သူမတို့သားအဖနှစ်ယောက်ရဲ့ တစ်သက်တာခွဲခွာမှုအကြောင်းကို ပြောပြလာတဲ့ အဆိုတော်ချယ်ရီသင်း

//s9.kh1.co/12/12937a989f412acba31993a7a764cc57e3045dc9.png
အနုပညာရှင်များ

 ၂၁-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

..

သားသမီးတိုင်းဟာ ချစ်ရတဲ့မိဘတွေနဲ့တစ်သက်တာနှုတ်ဆက်ရမယ့်အဖြစ်ကို မကြုံချင်ကြပါဘူး။ မကြုံချင်ပေမယ့်လည်း လောကဓမ္မတာပဲမို့ လူတိုင်းမလွဲမသွေကြုံရမှာပါ။ အဆိုတော်ချယ်ရီသင်းဟာ အဖေများနေ့မှာ ဖခင်နဲ့တစ်သက်တာနှုတ်ဆက်ခဲ့ရတဲ့အကြောင်းကို " 21.6.2021 ဒီနေ့ဖေဖေသမီးတို့နားက ထွက်သွားတာ (11) နှစ်ပြည့်တဲ့နေ့ ဖေဖေဦးခေါင်း ခွဲစိတ်ပြီးသတိတွေလွတ်နေကြားထဲက ဖေဖေတစ်ယောက်ကလေးတစ်ယောက်လိုကို သနားစရာကောင်းနေရင်းက ဖေဖေဆုံးမယ့်နေ့ကျတော့ ဖေဖေရုတ်တရက်ကြီး အကောင်းပကတိဖြစ်တော့အရမ်းတွေပျော်သွားတယ် လမ်းတွေထလျှောက် မေမေ့ကိုဘယ်လောက်ထိကျေးဇူးတင်ကြောင်းတွေပြော ဖေဖေ့မိတ်ဆွေတွေကိုမိတ်ဆက်ပြီး ည 7:15 လည်းကျရော သမီးကသန်းခေါင်စားရင်းသွားတိုင် အပြန်လမ်းထိပ်မှာ အစ်ကိုကြီးကိုတွေ့တယ် အစ်ကိုကြီးက စိတ်အေးအေးထားနော် ဖေဖေဆုံးပြီတဲ့ ?ရုတ်တရက် ရင်ထဲကနေ တစ်ခုခုကို အကြီးကျယ်ဆွဲထုတ်ခံလိုက်သလို မိုးကအေးအေးနဲ့ ဘာပြောကောင်းမလည်း ဖေကြီးရယ်စို့တက်နေတာပဲ လမ်းထိပ်ကနေအိမ်ကိုပြေးဝင်ပြီး ဖေဖေအိပ်နေတာလေး ငေးကြည့်နေမိတယ် လူတွေကဖေဖေ့ကို ဝိုင်းအုံကြည့်နေကြတာ စိတ်ထဲငါ့အဖေအိပ်နေတာပါ ပြုံးပြုံးလေးကိုအိပ်နေတာငါ့အဖေကအရမ်း Strong ဖြစ်တဲ့ လူကြီးပါ ဒီလောက်လေးနဲ့ ငါတို့နားကထွက်သွားမှာမဟုတ်ဘူး ဆိုပြီးလူတွေအုံနေတဲ့ ဖေဖေ့အနားလာပြီး ဖေဖေ့လက်ကလေးကိုင်ကြည့်တော့ပူပူနွေးနွေးလေး ဖေဖေ့လက်အကြောစိမ်းလေး တွေတောင် တွေ့နေရသေးတယ်လေ ဖေဖေ့ရင်ဘတ်လေး လက်နဲ့ထိကြည့်တော့ ဖေဖေတကယ် အသက်မရူတော့ဘူးပဲ စိတ်ထဲလက်မခံချင်လည်း လက်ခံရတော့မယ်ဖေဖေ ? " ဆိုပြီး ကြေကြေကွဲကွဲလေးပြောပြလာခဲ့ပါတယ်။

Photo Credit - Cherry Thin's FB Acc
Photo Credit - Cherry Thin's FB Acc

ထွက်သွားသူကမသိတော့ပေမယ့် ကျန်ရစ်တဲ့သူမှာအလွမ်းတွေနဲ့ကျန်ခဲ့ရတဲ့အကြောင်းကို " သမီးဖတ်ဖူးတဲ့ စာအုပ်ထဲမှာ သေဆုံးသူရဲ့မိသားစုဝင်တွေကငိုကြွေးနေရင် ဆုံးတဲ့လူက တစ်ဖက်မှာအပူတွေနဲ့ ပြေးနေရတယ်လို့ဖတ်ဖူးလို့သမီးမငိုခဲ့ဘူးလေ မမကြီးနဲ့မောင်လေး ကတော့ငိုတာပေါ့ ဖေဖေ့ကို နောက်ဆုံးအချိန်လိုက်ပို့တဲ့အထိသမီးမငိုခဲ့ဘူးဖေဖေ ဘာကြောင့်ဆို ဖေဖေပင်ပန်းမှာစိုးလို့ သမီးဖေဖေ့ရုပ်အလောင်းကိုကန်တော့ပြီး ဖေဖေကောင်းရာသုဂတိ လားပါစေပဲဆုတောင်းပြီး သမီးမငိုဘဲနေခဲ့တယ် ?ဒီလိုနဲ့ရက်လည်လည်းပြီးရော ဖေဖေရယ် အိမ်မှာတိတ်ဆိတ်ပြီး လစ်ဟင်းသွားတဲ့ဖေဖေ့အိပ်ယာလေးကြည့်လွမ်းလိုက် ညအိပ်ရင်လည်း မိုးစက်လေးတစ်စက် ကျတာကအစ ဖေဖေ့ခြေသံလေးများလား ထထကြည့်မိတယ်အရူးလိုပဲ အိမ်မက်ထဲဖေဖေသမီးကို လာဖက်တော့လည်း တကယ်ကြီး ဖေဖေရောက်လာတယ်ထင် စကားတွေထပြော သတိဝင်မှ ငါ့အဖေဆုံးပြီလေဆိုပြီးကြိတ်ငို တစ်မိသားစုလုံး သူ့အလွမ်းနဲ့ သူ့တရားနဲ့သူဖေဖေ့ကို သတိရနေတဲ့ စိတ်တွေဖြေနေကြရတာပေါ့ မေမေ့ရှေ့ဆိုမငိုဘူး မေမေကငယ်ငယ်လေးနဲ့သူချစ်တဲ့လူကိုဆုံးရှုံးထားရလို့ မေမေဝမ်းနည်းမယ့် ဘာမှမေမေ့ရှေ့မှာမလုပ်ဘူး ဒါပေမယ့် မေမေ့ကွယ်ရာဆို ဖေဖေ့ကိုလွမ်းလို့ အိမ်နောက်ဖေးသွားငိုလိုက် စောင်ခေါင်းမှီးခြုံပြီးငိုလိုက်နဲ့ကြုံရင်ကြုံသလိုကိုလွမ်းပြီးငိုနေတာ ဖေဖေသိလား သမီးကအသဲမာတဲ့သူကြီးလိုလည်းဟန်ဆောင်ကောင်းခဲ့ပါတယ် ဖေဖေသိလား ဒီနေ့အထိသမီးတစ်ခုခုလုပ်လို့ရည်ရွယ်ချက်တွေပြည့်တိုင်းငါ့အဖေသာရှိရင်ပျော်နေမှာ ဂုဏ်ယူနေမှာ ဆိုပြီးစိတ်ကအောက်မေ့နေဆဲလွမ်းဆဲချစ်ဆဲ (11) နှစ်ဆိုပေမယ့် ဖေဖေ့ကိုချစ်တဲ့ အချစ်တွေ အလွမ်းတွေကလတ်ဆတ်ဆဲပါဖေဖေ " ဆိုပြီးလည်း တဖွဲ့တနွဲ့ ပြောခဲ့ပါသေးတယ်။

Photo Credit - Cherry Thin's FB Acc
Photo Credit - Cherry Thin's FB Acc

တာဝန်ကျေလွန်းတဲ့ဖခင်အတွက် အမြဲဂုဏ်ယူရတဲ့အကြောင်းကိုလည်း " ဖေဖေသာရှိရင် အခုဆို (57) ထဲမှာပေါ့နော် သမီးစိတ်ထဲဖေဖေ အသက်ရှိနေသေးတယ်လို့ပဲ ခံစားရတယ် ဖေဖေ့လိုဖခင်မျိူးကို အဖေတော်ရလို့ဂုဏ်ယူတယ်အဖေ မိသားစုအပေါ်တာဝန်ကျေတဲ့ ယောကျ်ား ဇနီးမယားအပေါ် တာဝန်ကျေတဲ့ယောကျ်ား မိတ်ဆွေအပေါင်းအသင်းတွေအပေါ် စေတနာထားတဲ့ယောကျ်ား ဖေဖေသိလား ဖေဖေ့ကြောင့်မို့သမီးတို့မျက်နှာငယ်ခဲ့ရတယ်ဆိုတာ မရှိခဲ့ဘူးဖေဖေ့ကြောင့်ဂုဏ်ယူခဲ့ရတာပဲရှိတယ် ကျေးဇူးတင်တယ်ဖေဖေ ဖေဖေကသမီးရဲ့ ကမ္ဘာမှာတကယ့်ကိုသူရဲကောင်းပါဖေဖေ သမီးချစ်တယ်နော် ဖေဖေရေ သမီးအခုကြိုးစား နေတယ် ဖေဖေဂုဏ်ယူရတဲ့သမီးဖြစ်အောင်ပေါ့ ဖေဖေသိလား ဖေဖေမရှိတော့တဲ့ နောက်ပိုင်း မေမေ့ကိုပိုဂရုစိုက်ဖြစ်တယ် မေမေကဖေဖေ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇနီးမယားကောင်းတစ်ယောက်ပါ ဖေဖေရှိစဉ်ကရောဖေဖေမရှိတော့တဲ့နောက်ရော ဖေဖေ့အပေါ်အရမ်းသစ္စာရှိပြီး ဖေဖေ့နေရာတောင်ဘယ်သူ့မှအစားမထိုးခဲ့ဘဲ သမီးတို့အပေါ်လည်း မိခင်ကောင်းပီပီသသနဲ့မေမေကရှိနေပေးတယ် ပြီးတော့ ဖေဖေဖြစ်စေချင်တဲ့အတိုင်း မိသားစု စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ရှိပါတယ်ဖေဖေ ချစ်သောဖေဖေကောင်းရာသုဂတိလားပါစေ ? I really miss you dad ?? မိဘတွေရှိနေတုန်းတန်ဖိုးထားပါ မိဘဆိုတာအစားထိုးမရတဲ့တစ်ခုတည်းသော အရာပါ??ကမ္ဘာပေါ်မှာရှိကြတဲ့ဖခင်တိုင်းကျန်းမာကြပါစေ?? " ဟုဆိုကာ သူမရဲ့လူမှုကွန်ရက်မှာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - Cherry Thin's FB Acc
Photo Credit - Cherry Thin's FB Acc

သတင်း အရင်းအမြစ် Cherry Thin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T