အဆိုတော် G Fatt ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူတက်ကြွစွာပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ နေ့စဉ်လမ်းပေါ်ထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့ပြီး လူမှုကွန်ယက်တွင်လည်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ဝေမျှခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာ ဖြစ်ပါတယ်။


ဒါ့ကြောင့် ဘေးကင်းရာနေရာသို့ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေတာ ဖြစ်ပါတယ်။ သူ့ကိုချစ်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ပရိသတ်တွေကလည်း G Fatt ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ အားလုံးစိတ်မပူကြစေဖို့ မကြာသေးခင် နာရီပိုင်းက G Fatt ရဲ့ လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံ တင်ပေးလာတာ ဖြစ်ပါတယ်။


ဒါကတော့ အမေစုရဲ့မွေးနေ့အတွက် နားမှာနှင်းဆီပန်းပန်ဆင်ပြီး ဆုတောင်းပေးကာ လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှလာတာ ဖြစ်ပါတယ်။ သူကလည်း " ဗေ ဒါ ပျံ အံ ကို ခဲ ပန်း ပန် လျှက် ပဲ "ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ အမေစုကို ချစ်ကြတဲ့ ပြည်သူများကလည်း နားမှာ ပန်းလေးတွေ ပန်ဆင်ပြီး ပန်းသပိတ်ကိုဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကို အမြဲချစ်တဲ့ အမေစုလည်း ဒီနှစ်မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာ ကျန်းမာစွာနေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-G Fatt’s Facebook Account


