လတ်တလောမှာဆိုရင် တချို့ပြည်နယ်နဲ့မြို့နယ်တွေမှာ ဗုံးတွေပေါက်၊မီးတွေလောင်တဲ့ အခြေအနေကြောင့် ပြည်သူတွေလည်း ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ဇွန်လ (၁၅) ရက်နေ့မှာ ပေါက်မြို့နယ်တောင်ပိုင်း၊ကင်းမရွာမှာ မီးလောင်မှုဖြစ်ပေါ်ခဲ့လို့ အိမ်ခြေတော်တော်များများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ရွာသူ၊ရွာသားတွေလည်းဘေးလွတ်ရာကို ပြေးခဲ့ကြရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေကတော့ သူတို့ရဲ့အိမ်လေးတွေကို ဆုံးရှုံးလိုက်ရလို့နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။



တစ်ခုခုအခက်အခဲဖြစ်ရင် ကူညီပေးတတ်ကြတဲ့ ပြည်သူတချို့ကတော့ ကင်းမရွာအတွက် ကူညီပြီး အလှူငွေကောက်ခံပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း Miss World Myanmar 2018 မှာ 2nd runner up ဆုရရှိခဲ့တဲ့အလှမယ်ယမုံက သူမရဲ့သရဖူကို မဲဖောက်ရောင်းချပြီး ကင်းမရွာအတွက် အကုန်လှူဒါန်းသွားမှာဖြစ်ပါတယ်။အလှမယ်ယမုံရဲ့ သရဖူကတော့ ကာလပေါက်စျေးအနေနဲ့ မြန်မာကျပ်ငွေ သိန်း (၃၀) ကျော်တန် ဖြစ်ပါတယ်။ပြည်သူတွေအားပေးချစ်ခင်ရတဲ့ အလှမယ်တစ်ယောက်က အခုလိုမျိုး ကင်းမရွာအတွက် ကူညီပေးလို့ လေးစားစရာကောင်းလှပါတယ်။




အလှမယ်ယမုံက သရဖူကို မဲတစ်မဲလျှင် မြန်မာငွေကျပ် တစ်သောင်းနဲ့ ရောင်းချပြီး မဲအခုရေ (၃၀၀) သာ စီစဉ်ထားတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ကင်းမရွာကိုလှူဖို့အတွက်ဖြစ်လို့ ငွေကျပ်တစ်သောင်းတည်းနဲ့ ပါဝင်ကံစမ်းကြတာဖြစ်ပါတယ်။မဲမပေါက်ခဲ့ရင်လည်း ကင်းမရွာကို လှူလိုက်သလိုပဲဖြစ်တာကြောင့် ကုသိုလ်လည်း ရပါတယ်။မိမိရဲ့ အမှတ်တရပစ္စည်းလေးတစ်ခုဖြစ်တဲ့ သရဖူကို အကျိုးရှိမယ့်နေရာမှာ အသုံးချလိုက်တဲ့ အလှမယ်ယမုံရဲ့ စိတ်ဓာတ်ကို လေးစားမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။




Source&Photo Credit:YaMone’s Facebook Acc