သရုပ်ဆောင် အိစိကွေးကတော့ လတ်တလောအခြေအနေများကြောင့် စားဝတ်နေရေး မပြေလည်ကြတဲ့ ပြည်သူများကို စုပေါင်းကောက်ခံရရှိထားတဲ့ အလှူငွေများဖြင့် တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ အလှူငွေများကို မျက်စောင်းထိုးနေတဲ့ မသမာသူတစ်ချို့လည်းအမြဲရှိနေတတ်တာဖြစ်တဲ့အတွက် အတော်လေးကို စိတ်သောကရောက်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန်ယက်တွင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။


ဒါကတော့ မီးဘေးသင့်ပြည်သူများကို လှူဖို့ငွေများအား လိမ်ဖို့ကြံစည်နေတဲ့ လူတစ်စုကို ဒူးထောက်တောင်းပန်ပြီးမေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။ သူကလည်း "ငွေတွေလိမ်ဖို့ မကြိုးစားကြပါနဲ့ဗျာလူတိုင်း ခက်ခဲနေတာပါအဆင်မပြေတဲ့ကြားက လှူခဲ့ကြတဲ့အလှူငွေလေးတွေကို မျက်စောင်းမထိုးကြပါနဲ့ဗျာ။ ယုတ်မာပြီးခိုးနေတဲ့သူတွေဆီသာ သွားလိမ်ကြပါ မေတ္တာ ရပ်ခံပါတယ် ဗျာ ?? ဒူးထောက်ပြီး တောင်းပန်ပါတယ်ဗျာ ?? ပြီးတော့ ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတို့ကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့ နော် ?လှူထားတဲ့အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ် အလှူရှင်တွေလည်း မစိုးရိမ်ပါနဲ့ လှူလို့ရပါတယ် အကုန် Welcome ပါဗျာ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။


ဒီအလှူငွေတွေဟာ ပြည်သူတွေအချင်းချင်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ရွှေဘိုဈေးက မီးဘေးသင့်ပြည်သူများအတွက် အလှူငွေတွေ သွားရောက်လှူဒါန်းပေးထားတာဖြစ်ပါတယ်။ ပြည်သူတွေ လှူဒါန်းထားတာတွေကို မသာတဲ့နည်းလမ်းဖြင့်ကြိုးစားနေသူများအနေဖြင့် အခုလိုလုပ်ရက်မျိုးမပြုလုပ်ကြဖို့ တောင်းဆိုရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Eisi Kway’s Facebook Account

