သီလရှင်ဝတ်ဖို့ ဆံချတဲ့အချိန်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကိုသတိရပြီး မျက်ရည်မထိန်းနိုင်တော့ဘဲ ငိုကြွေးနေတဲ့ သိင်္ဂီထွန်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/e3/e3e7971f0edc7a1cf515a0066a7235af884533dd.jpg
အနုပညာရှင်များ

 ၁၇-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

သီလရှင်ဝတ်ဖို့ ဆံချတဲ့အချိန်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကိုသတိရပြီး မျက်ရည်မထိန်းနိုင်တော့ဘဲ ငိုကြွေးနေတဲ့ သိင်္ဂီထွန်းရဲ့ဗီဒီယိုဖိုင်

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး သိင်္ဂီထွန်းကတော့ ယနေ့မှာပဲ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေကို အသိပေးလိုက်ပြီ ဖြစ်ပါတယ် ။ သိင်္ဂီထွန်းက သူတစ်ပါးကို စိတ်စေတနာသန့်သန့်နဲ့ ကူညီမှုတွေမြောက်များစွာ ပြုပြီးတဲ့နောက်မှာ နစ်နာဆုံးရှုံးမှုတွေနဲ့ သံဝေဂတရားတွေရပြီး စိတ်ပြေပျောက်ဖို့ ဒီလိုမိုးသည်းနေ့မှာ သီလရှင်ဝတ်ဖြစ်ခဲ့တာဖြစ်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc

သိင်္ဂီထွန်းက ဆရာလေး "သုနန္ဒာ"အဖြစ် ခံယူပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ တရားအားထုတ်တော့မှာပဲ ဖြစ်ပါတယ် ။ သဘာဝအတိုင်း အေးချမ်းသာယာနေတဲ့ တောင်ခြေက ဓမ္မရိပ်သာမှာ ကားကိုကိုယ်တိုင်မောင်းပြီး တစ်ယောက်တည်း သီလရှင်ဝတ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိဘူးဆိုပြီး ပြောထားတာလည်း ဖြစ်ပါတယ် ။ သိင်္ဂီထွန်းကတော့ သီလရှင်ဝတ်ဖို့ ဆံချတဲ့အချိန်မှာလည်း မျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc

ဆံချတဲ့အချိန်မှာ အခုလို ငိုရတဲ့အကြောင်းရင်းကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့မိဘနှစ်ပါးကို တမ်းတမိတာကြောင့်ပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ဆရာလေး သုနန္ဒာအတွက် သာဓုခေါ်ဆိုနေကြပြီး တရားထူးတရားမြတ်ရရှိပါစေလို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ဆရာလေး သုနန္ဒာကလည်း "ကိုယ်ချင်းစာတရားထားကြပါ ကတိသစ္စာတည်ကြပါ" ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ် ။

Source & Video Credit-Theingi Tun's FB Acc

Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Photo Credit-Theingi Tun's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T