သံဃာတော်တွေကို မစော်ကားသင့်ကြောင်း ပြောနေတဲ့ လူတစ်ချို့အား ထိမိလှတဲ့ စကားလုံးများဖြင့် ပြန်လည် ချေပပြောဆိုလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/83/83e5991347a457b925ea05dc34de54efad4f10ef.jpeg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

မနေ့က လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် သံဃာတော်နှစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူသွားတဲ့အတွက် ပြည်သူတွေအားလုံး ဝမ်းနည်းခဲ့ကြတာ ဖြစ်ပါတယ်။ လူတစ်ချို့မှလည်း သံဃာတော်များ လေယာဉ်ပျက်ကျမှုတွင်ပါဝင်တာကို ပျော်နေကြတယ်ဆိုပြီး ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မကြာသေးခင် မိနစ်ပိုင်းလောက်က မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်တွင် သံဃာတော်တွေကို မစော်ကားသင့်ဘူးလို့ ပြောနေတဲ့ လူတစ်ချို့အား ထိမိလှတဲ့ စကားလုံးများဖြင့် ပြန်လည်ရေးသား ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

သူ့အနေနဲ့  ​ဈေးကုန်းဆရာ​တော်ပျံလွန်တော်မူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး​ကောင်းခြင်းဆိုးခြင်း ဘာတစ်ခုမှမ​ဝေဖန်လိုကြောင်းနဲ့ ဒီကိစ္စကြောင့် ဖြစ်ပေါ်လာတဲ့ လူတစ်ချို့ရဲ့ အကြောင်းကိုပဲ​ပြောချင်တာ ဖြစ်ကြောင်း ပြောပြထားတာပါ။  ဈေးကုန်းဆရာ​တော်ကြီးပျံလွန်​တော်မူမှထပြီး သံဃာ​တော်​တွေကိုမပြစ်မှား မ​စော်ကားသင့်ပါဆိုတဲ့ နိဗ္ဗာန်ကိုချက်ခြင်းမျက်​မှောက်ပြု​​သွားကြသူ  သူ​တော်စင်  သူ​တော်​ကောင်းကြီးများကိုပဲ နည်းနည်း​လောက်​မေးကြည့်ချင်တာ ဖြစ်ပါတယ်။ သံဃာကို မစော်ကားသင့်ဘူး မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုပါက စစ်ကောင်စီမှရဟန်းသံဃာတော်တွေကို ဖမ်းဆီးရိုက်နှက်ခဲ့ချိန်တုန်းက ဘာလို့ အသံမထွက်ဘဲ နေခဲ့ကြသလဲဆိုတာကိုလည်းအခုလို မေးမြန်းထားတာ ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

" ခင်ဗျားတို့က သံဃာကို​မ​စော်ကားသင့်ဘူး မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင် စကစ ​တွေက ရဟန်းသံဃာ​တော်​တွေကို ဖမ်းဆီးရိုက်နှက်ခဲ့တုန်းက ညှင်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက​ ဘာလို့ငြိမ်​နေကြသလဲ။ မိုးကုတ်​ရေပူဆရာ​တော်ကြီးကို ထောင်သုံးနှစ်ချခဲ့တုန်းက ပဲခူး​အောင်ရတနာ​ကျောင်းတိုက်ဆရာ​တော် ရိုက်နှက်စစ်​ဆေးခံရရင်းပျံလွန်ခဲ့တုန်းက မိုး​မောက်မှာ ဆရာ​တော်ဦးက​သေလ လက်နက်ကြီးထိလို့ပျံလွန်တုန်းက ဘာလို့အသံမထွက်ခဲ့ကြသလဲ။  မန္တလေး မစိုးရိမ်​တိုက်ကသံဃာ​တွေပရိတ်ရွတ်လို့စစ်တပ်ကဘုန်းကြီး​ကျောင်းထဲထိဝင်ပြီး ဆဲဆိုအကြမ်းဖက်ခြိမ်း​ခြောက်ပစ်ခတ်ခဲ့တာ​ ရက်ပိုင်းပဲရှိ​သေးဗျာ။ အဲ့ဒီတုန်းက ခင်ဗျားတို့ ဝစီပိတ်ကျင့်​နေကြသလား ဒါ​တွေကိုကျသံဃာမဟုတ်ဘူးထင်လို့လား။ ဒါမှမဟုတ်ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးမဟုတ်လို့ တခြားဘုန်းကြီးဘာဖြစ်ဖြစ်ဆိုပြီး သံဃာ​တော်​တွေကိုခွဲခြားခဲ့တာလား ဒါမှမဟုတ် စစ်တပ်က​တော့ သံဃာ​တွေကိုနှိပ်စက်သတ်ဖြတ်​စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား ဖြေပါမဟာ့မဟာသာသနာပြုအရိယာသူ​တော်စင်တို့ " ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ လတ်တလော လူမှုကွန်ယက်ပေါ်မှာလည်း လေယာဉ်ပျက်ကျတဲ့ သတင်းဟာအတော်လေးကို နာမည်ကြီးနေတာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်မှာလည်း အခုလို အမှန်တရားတွေကိုချက်ကျလက်ကျပြောရဲတဲ့ မင်းမော်ကွန်းရဲ့ သတ္တိရှိမှုကို လေးစားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း သိရှိနိုင်စေရန် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T