သရုပ်ဆောင် မေတိုးခိုင်ကတော့ ပြည်သူနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူခံထားရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူမကို ချစ်ကြတဲ့ ပရိသတ်များနဲ့ အနုပညာလောကမှညီအစ်ကို မောင်နှမများကလည်း အမြန်ဆုံး ပြန်လွတ်ပါစေလို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။


မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် နော်ဖောအယ်ထားရဲ့ Instagram လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မေတိုးခိုင်နဲ့ အတူပျော်ရွှင်ခဲ့တဲ့ အမှတ်တရတစ်ချို့ကို ပြန်လည်ဝေမျှရင်း အမြဲလိုလို သတိရနေကြောင်းလည်း ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ သူမကလည်း " Ma Phoo,I miss you Everyday “ ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ သူငယ်ချင်းနှစ်ဦးဟာညီအစ်မအရင်းတွေလို တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသူတွေ ဖြစ်ပါတယ်။



ကြော်ငြာတွေလည်း အတူရိုက်ကူးခဲ့ရုံသာမက ခရီးတွေလည်း မကြာခဏ ထွက်ခဲ့ကြတဲ့ သိပ်ကိုချစ်ကြတဲ့သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ နော်ဖောတစ်ယောက်လည်း လက်ရှိအချိန်မှာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတဲ့အတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေနေရတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ဦး ပြန်လည်ဆုံးဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Naw Phaw Eh Htar’s IG Account


