အဓိဌာန် အောင်တဲ့ရက်မှာ သူနေတဲ့အဆောင်ထဲသို့ မြွေဝံပုလွေတစ်ကောင် ဝင်ရောက်ခဲ့တာကို ဗီဒီယိုရိုက်ပြီး ပြသလာတဲ့ စည်သူမောင်

//s9.kh1.co/0e/0e841ebec7a8738a8890b8da0d14b4b22992a1fa.jpeg
အနုပညာရှင်များ

 ១០-មិថុនា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

.

သရုပ်ဆောင် စည်သူမောင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး အဓိဌာန်တွေလည်း မကြာခဏဝင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ကိုးရက်အဓိဌာန်ဝင်ပြီး နေအိမ်ကဘုရားတွင် နေ့စဉ်မနက် (၄) နာရီတိုင်း မဟာပဌာန်းပါဠိတော်၊ မေတ္တာသုတ်ပရိတ်တော်နှင့် ဓါရဏပရိတ်တော်တို့ကို မပျက်မကွက်ပွားများခဲ့ကြောင်း ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။ 

Photo Crd-Sithu Maung’s Facebook Account 

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စည်သူမောင်ရဲ့ လူမှုကွန်ယက်တွင်  ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်တွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အဓိဌာန် အောင်တဲ့ရက်မှာ သူကြုံတွေ့ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်တစ်ခုကို ဗီဒီယိုရိုက်ကာ ပြသလာတာ ဖြစ်ပါတယ်။ သုံးရက်တိတိ အဓိဌာန်ဝင်နေတဲ့ နောက်ဆုံးရက်မှာ သူနေတဲ့ ကျောင်းဆောင်ထဲသို့ကုန်းမြွေပွေးတစ်ကောင် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  ဒီမြွေဝံပုလွေဟာ အဆိပ်မရှိ အန္တရာယ်မရှိတဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ရှင်းပြထားပါသေးတယ်။

Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 
Photo Crd-Sithu Maung’s Facebook Account 

" ထူးထူးခြားခြား ကျွန်တော် ၃ ရက်တိတိ အဓိဌာန်ဝင်ပြီး အောင်တဲ့ ၃ ရက်မြောက် နောက်ဆုံးပြည့်တဲ့နေ့မှာကျွန်တော်နေတဲ့ ဝ ကျောင်းဆောင်ထဲကို ရောက်လာတဲ့ ကုန်းမြွေပွေး တဲ့..လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ??????edit မြွေဝံပုလွေ အဆိပ်မရှိ အန္တရာယ်မရှိ တဲ့ခင်ဗျ ပြောပြပေးတာကျေးဇူးပါ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြွေဝင်ပြီး  မကြာခင်မှာ ငွေဝင်လာမယ်ဆိုတဲ့ အကြောင်းကိုလည်း ဒီပို့စ်အောက်မှာ comment ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးလည်း ကုသိုလ်ထပ်တူရရှိစေရန် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Sithu Maung’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T