မေသစ္စာမောင်ရဲ့ ဓာတ်ပုံလေးရှေ့မှာ အရုပ်ကျိုးပျက်ထိုင်ကြည့်ပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတဲ့ သူငယ်ချင်းတစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/8e/8e917adee375e9c0e35d130554f8540e9a101dc7.jpeg
အနုပညာရှင်များ

 ၀၉-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

မေလ (၇) ရက်နေ့က အင်းလျားလမ်းက ယာဉ်တိုက်မှုတွင် လူသုံးယောက် သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ Taxi ယာဉ်မောင်းနဲ့ ဇနီးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ကားပေါ်တွင် ပါလာသူတွေထဲမှ transgender မေသစ္စာမောင်ကတော့ ဆေးရုံသွားတဲ့ လမ်းမှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ချောမောလှပလွန်းသူတစ်ဦး လောကကြီးကနေ အစောကြီး ခွဲခွာသွားတဲ့ မေသစ္စာမောင်ကို အားလုံးက နှမျောနေကြတာ ဖြစ်ပါတယ်။

Photo Crd-Mia Chen’s Facebook Account 
Photo Crd-Mia Chen’s Facebook Account 
Photo Crd-Mia Chen’s Facebook Account 
Photo Crd-Mia Chen’s Facebook Account 

မေသစ္စာမောင်ကို ချစ်ကြတဲ့ သူငယ်ချင်းများကလည်း သူမရဲ့ အိမ်တွင် နာရေးကိစ္စအတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။ အချစ်ဆုံး သူငယ်ချင်းတစ်ဦးကလည်း မေရဲ့ ဓာတ်ပုံလေးရှေ့မှာ အရုပ်ကျိုးပျက် ထိုင်ကြည့်နေပြီး  " ငါတော့ အဆင်မပြေဘူး မေရယ် နင်ရော ဘယ်တွေရောက် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မေရဲ့ Taxi ကားပေါ်မှာ ပါလာတဲ့ သူငယ်ချင်းတစ်ချို့လည်း ဒဏ်ရာတွေရရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သူမကို ဒီနေ့ ညနေ (၄) နာရီတွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်မှာ ဖြစ်ပါတယ်။ ကွယ်လွန်သူအားရည်စူး၍တနင်္ဂနွေနေ့တွင် ဘုရားအမှူးရှိသော ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသည်တို့ကိုဆပ်ကပ်လှူဒါန်း အမျှအတန်း ပေးဝေမှာ ဖြစ်ပါတယ်။ ချစ်ခင်ရသူတွေကို အားလုံးစွန့်ခွာသွားတဲ့ မေသစ္စာမောင်လည်း ဒီလှူဒါန်းမှုအစုစုကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Original Uploader and Mia Chen’s Facebook Account 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T