Make-Up Artist ဟန်နာယူရီကတော့ လက်ရှိမှာ ကိုရီးယားနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံအရေးတွေကိုဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အခုလိုတွေ ဆောင်ရွက်ပေးနေပေမယ့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်က ဖြစ်ခဲ့တဲ့ပြသနာတစ်ခုကို အခြေခံပြီး သူမဘာလုပ်လုပ် အကောင်းမမြင်ဘဲ အပြစ်တင်ပြောဆိုနေကြတာကြောင့် စိတ်မကောင်း ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မကြာသေးခင် နာရီပိုင်းလောက်က ဟန်နာယူရီရဲ့ လူမှုကွန်ယက်တွင် အသေးစိတ်အကြောင်းအရာတွေကို ရှင်းပြထားတာ ဖြစ်ပါတယ်။


ဟန်နာယူရီကတော့ ၂၀၁၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ပြသနာတွေအတွက် အခုချိန်ထိ သူမအပေါ် စိတ်အနှောင့်အယှက်အမုန်းတရားတွေ ရှိနေသေးရင် ရိုးသားစွာ စိတ်ရင်းနဲ့ အနူးအညွတ်တောင်းပန်ကြောင်း၊ ဒီကိစ္စနဲ့ အချစ်ရေးမှာကြုံတွေ့ခဲ့ရတာတွေကြောင့် အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ အခြားနိုင်ငံတွင် ရုန်းကန်လှုပ်ရှားနေရတဲ့ လက်ရှိအချိန်တွင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ခံရှင်းပြချင်တဲ့အတွက် အခုလို ရေးသားရခြင်းဖြစ်ကြောင်းကိုလည်း ပြောပြထားတာပါ။


" အခုကျွန်မလက်ထဲမှာဘာမှမရှိ သာမာန်လူတစ်
ကျွန်မဘက်က အရာရာကိုငဲ့ညာပြီးပြောမထွက်ခဲ့တာတွေလည်းအများကြီးရှိပါတယ်။ ဒီကိစ္စကိုပြန်ပြောရရင် ဒီပစ္စည်းကို ကျွန်မကနေစသိခဲ့တာပါ။ကျွန်မကိုယ်တိုင်လည်းဒီပစ္စည်းကိုရောင်းချနေစဉ်ကာလမှာ သုံးစွဲခဲ့ပါတယ်။ ဒီပစ္စည်းကအသားရေပြသနာကိုဖြေရှင်းပေးတဲ့ Night mask ပါ တစ်ပတ်၃ခေါက်လောက်ပဲသုံးရတာပါ။ကျွန်မonline shop လေးတစ်နိုင်တစ်ပိုင်လုပ်ခဲ့တာပါ။ အဲ့ပစ္စည်းကမတရားပေါက်သွားပြီး မြန်မာကလူတွေယူရောင်းကြပါတယ်။အောက်လမ်းကတွေဝင်လာပါတယ် ။
(ကျွန်မကိုအသိမပေးဘဲ ထိုင်းcompany ဘက်ကရောင်းပစ်တာပါ)Supermarket တွေYuzana plazas တွေonline shop တွေမှာရောင်းချလာပါတယ်။ဒါထိုင်းcompany ကownerအတွဲနဲ့ ထုတ်လုပ်သူဆရာဝန်အတွဲကို ရဲ့သစ္စာမစောင့်တာပါ ကျွန်မနဲ့ဒီပစ္စည်းစသိခဲ့ပေမဲ့ကျွန်မonline shop က sales မများတဲ့အတွက်ကျွန်မကိုပေးတဲ့စျေးကများပြီး yuzana plaza တွေအခြားagent တွေကိုကိုဖောဖောသီသီလျှော့ပေးပါတယ်။ နောက်ပိုင်းMarketဘယ်လိုမှမထိန်းနိုင်တော့ကျွန်မကို distributor အနေနဲ့ပေးဖို့ တောင်းဆိုပါတယ်။ ဒီပစ္စည်းကမြန်မာမှာရောင်းချခွင့် နဲ့Thailand ,အခြားနိုင်ငံLicenseeနဲ့ FDA ကိုသူတို့ apply ပြီးထားပါ ။ နောက်ပိုင်းskin break out problems တွေဖြစ်လာချိန်ကျွန်မဆီပြသနာရောက်လာပါတယ် agent ပြသနာတွေပါကျွန်မဆီခေါင်းပုံလာပါတယ်2015အကုန်မှာ သူတို့ကကျွန်မကို only one distributor လာပေးပါတယ်။ကျွန်မလည်းစလုပ်ခဲ့တဲ့အလုပ်ဒီအလုပ်ကနေလည်း လှူနိုင်ခဲ့စားနိုင်ခဲ့တာမို့တာဝန်ယူပြီးကျွန်မနာမည်နဲ့ registration/FDA လုပ်ဖို့စပြင်ပါတယ်။ မြန်မာပြည်မှာကprocess ကြာတာအားလုံးသိမှာပါ။Myanmar FDA လျှောက်လွာတင်တော့လည်း သူတို့တောင်းတဲ့ ဟိုဘက်ကဆေးစစ်ချက် ထိုင်း မြန်မာ သံရုံး အကုန်ဆေးစစ်ချက်တွေနဲ့သွားစစ်ခဲ့တာပါ။ ကျွန်မသွားလျှောက်တဲ့ ingredients paper မှာကို ကပါဝင်ပစ္စည်းတွေအကုန်ပါပြီးသားပါ။ ရိုးရိုးသားသားဘာမှ လာဘ်မထိုးဘဲ သွားစစ်ခဲ့တာပါ။ နောက်ကျွန်မအံဩတာတစ်ခုက ဒီဆေးစစ်ချက်ကစျေးကွက်ထဲက ပစ္စည်းကိုယူစစ်ပြီး announced လုပ်ခဲ့တာပါ။ ကျွန်မတို့ပို့ပေးတာကိုမသုံးခဲ့ပါဘူး ဆေးစစ်ချက်ထွက်လာတော့လည်း ဥပဒေအတ်ုင်းလက်ခံခဲ့ပါတယ် ဆက်မရောင်းခဲ့ပါ ဘူး။ ဆေးစစ်ချက်ရတော့ မေမေက FDA Myanmar ကိုဖုန်းဆက်ပါတယ် အဲ့ကဒါက်တာ ထွန်းလင်းအောင်က အမေ့ကိုဖုန်းထဲက အော် တယ် အမေက ဘာလို့လာစစ်တဲ့ပိုင်ရှင်ကအရင်မသိရဘဲ ဆေးစစ်ချက်ကအရင်ပြန့်တာလည်းဆရာလို့မေးတာကိုအမေ့ကိုအော်လိုက်တယ်ဆိုတာကိုလည်းinterview ထဲထည့်ဖြေပါတယ် professional မဆန်တာကိုသိပ်အံဩပါတယ်ကျွန်မအမေကိုအရမ်းချစ်ပါတယ်ကျွန်မကြောင့်ဒီလို တွေအမေကြုံရတာရင်နာပါတယ်။ ကျွန်မကတစ်နိုင်ငံလုံးစာလုပ်ငန်းရှင်ကြီးမဟုတ်ပါဘူး အဲ့တုန်းကအစိုးရကိစ္စမို့ဒုက္ခရောက်ပါတယ် Chemical ပါတယ် ပြောတော့Thai side ကိုကျွန်မတို့ပြန်ဆက်သွယ်ပါတယ်Thai company နဲ့ Thai FDA က လက်မခံဘဲ Myanmar FDA ဘက်ကlaboratory ရဲ့ စစ်ဆေးမှုအတိအကျ labortary test တောင်းတာကိုလည်း မြန်မာဘက်ကမပေးပါဘူး paper ထဲမှာကိုကပါတယ်ပဲလွဲပြောပါတယ် မြန်မာသံရုံးစည်းတံဆိပ်လည်းပါပြီးသားတရားဝင်သွင်းလာတာပါ။မြန်မာ FDA က ထိုင်းက ဆက်သွယ်တာကိုမသိသလိုနေပါတယ် ဖြစ်သမျှက online မှာမို့ ဖြေရှင်းမရအရမ်းဒုက္ခရောက်ပါတယ်။ကျွန်မmakeup artist အလုပ်ကောအကုန် ပျက်ပါတယ်။ကြော်ငြာcompany တွေနဲ့ လည်းပြသနာတတ်ပါတယ်။ကျွန်မချစ်သူနဲ့ လမ်းခွဲခဲ့တယ်။စိတ်ပိုင်းဆိုင်ရာကော အစစအရာရာ အားလုံးအဘက်ဘက်ကအဆိုးဝါးဆုံးမခံနိုင်တဲ့ရိုက်ချက်တွေကြုံခဲ့ပါတယ်။ကျွန်မဘဝနေ့ချင်းညချင်းသုညဖြစ်ခဲ့ပါတယ်။မိဘမောင်နှမဘဲ အနားမှာကျန်တော့တာပါ။လူလိမ်မဆိုပြီးgroup တွေဖွဲ့တယ် မိသားစုတွေကိုကော onlineပေါ်မှာပဲကျွန်မရဲ့ပုံတွေမကောင်းတဲ့ edit တွေ မိန်းကလေးချင်း ပုံgroup မှာ မကောင်းတဲ့ sex video တွေပါတင်ပြီး အဲ့လိုခြိမ်းခြောက်တာတွေပဲလုပ်နေခဲ့ပါတယ်။ကျွန်မကိုဆက်သွယ်လာတဲ့ သူတွေကိုတတ်နိုင်သလောက် ငွေလွှဲအကုန်တာဝန်ယူဖြေရှင်းခဲ့ပါတယ်။ ဒါကစီးပွါးရေးအတွေ့အကြုံအလုပ်နားမလည်တဲ့အမှားတစ်ခုပါ ကိုယ့်ဘက်ကcustomer နဲ့ဘာမှအမှတ်သားမရှိ ကျွန်မဆီကဝယ်ယူတယ်ဆိုတဲ့အချက်လက်အမှတ်သားမရှိ
ဒီလိပ်စာ မှာ ဝယ်တယ် ဒီလူလာပို့တယ်အပြောပေမဲ့
တတ်နိုင်သလောက်တာဝန်ယူခဲ့ပါတယ်၊အခြားသူတွေလုပ်တာတွေကောအကုန်လုံးကိုကျွန်မခေါင်းပေါ်လာပုံကျွန်မတစ်ယောက်တည်းဒိုင်ခံဖြေရှင်းဖို့ တကယ်အဆင်မပြေနိုင်ခဲ့ပါဘူး။ ကျွန်မကိုဆဲဆိုဒုက္ခပေးတဲ့ထဲမှာ ပါဝင်သူတို့အပြစ်မရှိသလိုလွှဲချခဲ့တဲ့ ပစ္စည်းရောင်းချသူagents တွေမျက်နှာ
နာမည်တွေကိုလည်း အခုထိမှတ်မိပါတယ် Thai company အနေနဲ့ လည်း ဒီကိစ္စကကျွန်မရဲ့
Personal attacks ပါ သူတို့ ပစ္စည်းနဲ့မဆိုင်ပါဘူး
လုပ်တာပါ ကျွန်မဒီမှာဒုက္ခပင်လယ် ကြုံနေချိန်
မှတ်မှတ်ရရသူတို့ Phuket မှာအပန်းဖြေနေပါတယ်။ ကျွန်မကowner မဟုတ်လို့ ဒီပြသနာကိုအမြန်
အပြီးပြတ်ချင်လို့ တစ်ကယ်ကြုံရတဲ့လူတွေကို
ကျွန်မကိုတရားဆွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါမှ ဒီ Thailand company ကတာဝန်ယူတော့မှာပါ
အဲ့ထဲကကျွန်မကိုဆိုးဆိုးဝါးဝါးတိုက်ခိုက်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့အချက်အလက်ကိုစုဆောင်းခဲ့ပါတယ်။ရှေ့နေလည်းငှါးခဲ့ပါတယ် ဒီပြသနာတွေကအပြင်ရောက်မလာပဲonline ပေါ်မှာ တာဝန်မယူဘူးဆိုပြီးအချိန်ကြာခဲ့ပါတယ် ။ ကျွန်မ agent မပေးဘဲ ပစ္စည်းတွေကိုချစ်သူဟောင်းအိမ်မှာလာအပ်ပိုက်ဆံတောင်းအဖက်ဖက်ဒုက္ခရောက်နေတာမို့အဲ့လိုပြသနာတွေလည်းကျွန်မရဲ့ စာသင်ပြီးရထားတဲ့ငွေတွေမနက်စောစောMakeup လိုက်ပြင်ရထားတဲ့
ကိုးရီးယားမှာကျောင်းတတ်ဖို့စုထားတဲ့ ငွေလေးတွေ
နဲ့ ဖြေရှင်းပေးခဲ့ပါတယ်။ကျွန်မကတကယ်ကိုအောင်မြင်ချင်တဲ့သူပါ ကျွန်မကိုယ်ကျွန်မဒုက္ခရောက်အောင်မလုပ်ပါဘူးတကယ်သာ chemical ပစ္စည်းကိုငွေအရလုပ်ခဲ့တယ်ဆိုရင်တစ်နေ့ဒီပြသနာတွေဖြစ်လာမှာကြိုတွက်ထားမှာပဲလေငွေရတာနဲ့ ခေါင်းရှောင်ထွက်သွားမှာပါအဆုံးထိ ဒီလို လုပ်မှာမဟုတ်ပါဘူး ညှိုးငယ်စွာနားလည်ပေးဖို့တောင်းဆိုပါတယ်။ ကျွန်မအပေါ်နာကျည်းမုန်းတီးနေတာတွေလည်း
နားလည်ပါတယ်ကျွန်မဆိုလည်းကျွန်မမျက်နှာ
အဲ့လိုဖြစ်ရင်နာကျည်းမိမှာပါပဲ တောင်းပန်ပါ
တယ်ရှင်။ ကျွန်မအဲ့လိုစိတ်ထားနဲ့လုပ်ခဲ့တာ
မဟုတ်ပါဘူး ကျွန်မမိန်းကလေးချင်းကိုယ်ချင်းစာပါတယ် သူများမျက်နှာကို ပျက်စီးအောင် လုပ်ပြီး လိမ်ညာစီးပွားရှာတာမဟုတ်ပါဘူး။ဒီပစ္စည်းကိုကျွန်မ ကိုယ်တိုင် အသုံးပြုခဲ့ပါတယ်။ဒီပြသနာနဲ့နှစ်ရှည်ကြာစွာtrauma နဲ့အသက်ရှင်ခဲ့ပါတယ် ကျွန်မကhemophilia ရှိပါတယ် သွေးမတိတ်တဲ့ရောဂါပါ စိတ်ဆင်းရဲရာကအစာမစားရေမသောက် စိတ်ငြိမ်ဆေးဦးနှောက်ငြိမ်ဆေးတွေအလွန်ကျွံသုံးရာကသွေးကြောတွေပေါက်ထွက်ပြီး ကိုယ်တွင်းသွေးယိုစီးမှု နဲ့ ၂လနီးပါးအရေးပေါ်ကုသခဲ့ရပါတယ်။ ပစ္စည်းတွေလက်နဲ့မကိုင်နိုင်တာတွေ အရမ်းမေ့တာတွေ အခြားသောလက္ခဏာတွေနဲ့ လူကောင်းပြန်ဖြစ်ဖို့အချိန်တွေအကြာကြီးပြန်ကြိုးစားခဲ့ရပါတယ်။
ဒီပြသနာပြီး မြန်မာမှာအလုပ်လေးလုပ်ဖို့ပြန်ရုန်းတဲ့
အခါအရှက်မရှိပြန်လာတယ်ဆိုပြီးကျွန်မကိုလက်မခံကြပါဘူး။ဒါနဲ့ပါးပါးကကျောင်းဆက်တက်ဖို့ ပိုက်ဆံထုတ်ပေးပြီးBangkok မှာparttime လုပ်ရင်း
ကျောင်းပြန်တက်ခဲ့ပါတယ်။ကျွန်မရဲ့အခုချိန်မှာရလာတဲ့အခြားလူတစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးမှုမှမပါဝင်တဲ့ဒီဖြစ်တည်မှုကိုကျွန်မလိပ်ပြာလုံပါတယ်
ဂုဏ်ယူပါတယ် ။ ဘာပဲဖြစ်ဖြစ်အရာအားလုံးကိုတောင်းပန်ပါတယ် ကျွန်မကဒီပစ္စည်းကိုရည်ရွယ်ချက်ရှိရှိယုတ်မာအောက်တန်းကျ စီးပွါးရှာခဲ့တာမဟုတ်ရပါဘူး။ဒါမှန်ကန်တဲ့သစ္စာစကားပါ ကျွန်မဗုဒ္ဓဘာသာအမျိုးသမီးပါ ကျွန်မဝဋ်ကြွေးနဲ့အကုသိုလ်ကိုယုံကြည်ပါတယ်။ယုတ်မာအောက်တန်းကျရင် စိတ်ရင်းအတိုင်းအကျိုးပေးမုချကိုဒုက္ခရောက်မှာပါ။ ကျွန်မရှေ့လျှောက်ဘဝမှာအစစအရာရာအဆင်ပြေမပြေစောင့်ကြည့်ပေးပါရှင်။ ဒီpost နဲ့ပတ်သတ်ပြီးအပြန်အလှန်ဆွေးနွေးမှုတွေမလုပ်ပါဘူး ။negative အနေနဲ့မတွေးဘဲ ကျွန်မရဲ့ဒီစာကို နားလည်ပေးဖို့အရာအားလုံးအတွက် စိတ်ရင်းနဲ့ အနူးညွန်တောင်းပန်ပါတယ်။ ရည်းစားဟောင်းနဲ့ ဒီပြသနာကို ကျွန်မဘဝထဲကထုတ်ပစ်ချင်ပါတယ်။ ကျွန်မဝန်ခံရရင်အခုချိန်ထိrelationship နဲ့ပတ်သက်
ပြီး စိတ်ဒဏ်ရာ healing မဖြစ်ခဲ့ပါဘူး။ Newrelationship တွေမှာလည်း အရင်ကကြုံဖူးတဲ့
trust issues နဲ့အခြားသူတွေက ဘယ်လိုပြောကြမလဲ။သူကကောငါ့ကိုစိတ်ပျက်သွားမလားဆိုတာက trauma လိုပဲရှိနေခဲ့ပါတယ်။ ကျွန်မ ဒါတွေကိုပြန်ပြောရတဲ့အကြောင်းရင်းက ကျွန်မ အနာဂတ်မှာ ဒီtrauma တွေကိုhealing လုပ်ပြီးပေါ့ပေါ့ပါးပါးအသက်ရှင်ချင်ပါတယ် ။ဘာလို့ဒီလိုပြန်ရပ်တည်ဖို့ခွန်အားရခဲ့လဲဆိုတဲ့ လူတွေကိုမပြောဖြစ်တဲ့အကြောင်းလေးရှိပါတယ် ကျွန်မအသည်းအသန်ဖြစ်လို့မိဘတွေအိမ်ပြန်ခေါ်ခဲ့ချိန်ဆေးရုံမှာကျွန်မကိုပိုက်သွင်းတဲ့အချိန်အမေကကျွန်မသွားImplant မလုပ်ထားတာသိသွားပါတယ်။ ကျွန်မကရည်းစားဟောင်းကိုသိပ်ချစ်ခဲ့ပါတယ်Implant လုပ်ဖို့အိမ်ကပေးတဲ့ပိုက်ဆံနဲ့ iPhone ဝယ်ပေးခဲ့တာပါ ။(သူ့ဘက်ကဘယ်တုန်းကမှတောင်းဆိုခဲ့ခြင်းမရှိပါသူ့ဖုန်းလေးပျက်သွားလို့ကျွန်မက သူ့အမေကိုအကူညီတောင်းဝယ်ပေးခိုင်းခဲ့တာပါ) အမေရှိုက်ကြီးတငင်ငိုခဲ့ပါတယ်။အမေ့အတွက်ရင်နာရသလို၊သွားမရှိသွားဖုံးကကျွံဝင်နေပြီး ငွေမရှိဘဝသုညရောက်ပြီးအိပ်ရာထဲလဲနေတဲ့ကျွန်မကိုယ်ကျွန်မအသိစိတ်ဝင်ပြီး ကိုယ်အတွက်ကိုယ်အသက်ရှင်ကြည့်ဖို့အသိစိတ်ဝင်ခဲ့ပါတယ်။ ကျွန်မဘဝမှာကလေးဘဝထဲက အခုချိန်ထိဒုက္ခတွေ လောကဒဏ်တွေအများကြီးကြုံခဲ့ရပါတယ်ရှင်။ ကျွန်မမှာ အခုလည်းတစ်ဖက်နိုင်ငံမှာစစရောက်ခြင်းအခြေတကျမဖြစ်သေးတာမို့ဒုက္ခတွေကြုံတွေ့နေရပါတယ်။ ဒီ trauma တွေကို ဖွင့်ဟတောင်းပန်ပါတယ် ကျွန်မတစ်ချိန်ချိန်မှာလူတစ်ယောက်ကိုလွတ်လွတ်လပ်လပ်သူများတွေအမြင် ထိုးနက်တိုက်ခိုက်မှာတွေကို မစိုးရိမ်ပဲအများကြီးချစ်ကြည့်ချင်ပါတယ်။ ကံကောင်းမှုပျော်ရွင်မှုတွေနဲ့ ဒါကျွန်မရဲ့ ချစ်သူဆိုပြီး public မှာမိတ်ဆက်ပေးချင်ပါတယ် ။သာမာန်မိနိးကလေးတစ်ယောက်လို အလုပ်တွေလုပ်ချင်တယ်အောင်မြင်ချင်ပါတယ် ဘဝသစ်ပြန်စချင်ပါတယ် အားလုံးကိုအနူးညွတ်တောင်းပန်ပါတယ်ရှင်။ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူမရှင်းပြထားတဲ့ စာကိုဖတ်ပြီး ဟန်နာယူရီအတွက် အားပေးစကားတွေ ပြောထားကြပါသေးတယ်။ ဟန်နာယူရီတစ်ယောက် ဖြစ်ခဲ့တာတွေ အားလုံးကို မေ့ပစ်ပြီး စိတ်သစ်လူသစ်နဲ့နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Hannayuri’s Facebook Account



