သူငယ်ချင်းရဲ့Dead Bodyကို သယ်ဆောင်လာတဲ့ လူနာတင်ယာဉ်ကို ကြည့်ပြီး ရင်မကွဲမတတ်ခံစားနေရတဲ့ မေသစ္စာမောင်ရဲ့ သူငယ်ချင်းတစ်ဦး

//s9.kh1.co/e9/e9fb6bf456b085c6ad83b07957c9a86839324eec.jpeg
အနုပညာရှင်များ

 ၀၈-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

ရန်ကုန်မြို့ အင်းယားလမ်း မီးပွိုင့်တွင် မနေ့ညက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွင်အလှမယ် မေသစ္စာမောင်စီးလာတဲ့ Taxi ဟာ အတိုက်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံသို့ပို့တဲ့ လမ်းမှာတင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မေသစ္စာမောင်ကတော့ ထင်ရှားတဲ့ Transgender တစ်ဦးဖြစ်ပြီး ငယ်ရွယ်လှပသူတစ်ဦး ဖြစ်ပါတယ်။ မေသစ္စာမောင်ဟာ အပြင်ထွက်နေစဉ် သူမရဲ့ ခွေးလေး ကလေးမွေးနေပြီဖြစ်တဲ့အတွက် ရရာ taxi ကိုတောင်းပန် ဌားပြီးတဲ့ အပြန် မီးပွိုင့်မိနေစဉ် တစ်ဖက် ယာဉ်ကြောမှ လာတဲ့ လမ်းမှ သူ့ဘက် အခြမ်းကို ဖြတ်တိုက်ခဲ့တာ ဖြစ်ပါတယ်။ သူမကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။

Photo Crd-May Thitsar Maung’s Facebook Account 
Photo Crd-May Thitsar Maung’s Facebook Account 
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

မေသစ္စာမောင်ရဲ့ သူငယ်ချင်းဖြစ်သူ မော်ဒယ် ဖြိုးအိန္ဒြာမင်းကလည်း မေသစ္စာမောင်ရဲ့ dead body အားသယ်ဆောင်လာတဲ့ လူနာတင်ယာဉ်အား ဗီဒီယိုရိုက်ကူးထားပြီး  ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေကြောင်းတင်ထားတာ ဖြစ်ပါတယ်။ မေသစ္စာမောင် မကွယ်လွန်မီ လွန်ခဲ့တဲ့ ခြောက်ရက်လောက်ကလည်း ဖြိုးအိန္ဒြာမင်းရဲ့မွေးနေ့ဆုတောင်းပေးခဲ့သေးတာ ဖြစ်ပါတယ်။ အချစ်ဆုံး သူငယ်ချင်း မေသစ္စာမောင်နဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကိုလည်း အခုလိုပဲ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 

" သူငယ်ချင်းမရေ.......

နင်ကားတိုက်ခံရတယ်လို့ကြားတော့ ငါ့မှာ စိတ်ပူပီး ၁၀နာရီကျော်ကို နင့်ဆီလာဖို့ အိမ်နဲ့ပြသာနာဖြစ်ရသေးတယ်။နင့်သူငယ်ချင်းတွေဆီကိုဆက် ဘယ်လိုက်ရမလဲမေးနဲ့ဟိုဟာကောက်ဆွဲလိုက် ဒီဟာကောက်ဆွဲလိုက်နဲ့ငါတစ်ကိုယ်လုံးအေးစက်နေတာပဲ

ကားသော့ဆွဲပီးအခန်းထဲကထွက်လာတော့ အဖေနဲ့အမေက ငိုပြီးတားတယ် စိတ်ပူလို့ငါလဲဘာမှမမြင်တော့ဘူးသွားမှရမယ် သွားမှရမယ်ပဲအော်နေတာ 

နောက်တော့ နွေဦးမာန်တို့လာတော့မှ ငါလာလို့ရတယ်။ နင့်စိတ်နဲ့လေ အဖမ်းခံရမှာလဲမကြောက်ဘူး

သေနတ်နဲ့ပစ်ခံရမှာလဲမကြောက်ဘူး သိလား တစ်လမ်းလုံးလည်း မေသစွာမောင်မဖြစ်ပါစေနဲ့

လူမှားတာပဲဖြစ်ပါစေ ဆိုပီး ဘုရားစာရွတ်သလိုရွတ်နေတာ ငါ့မှာဆုတောင်းလိုက်ရတာ ဟိုရောက်တော့ နင်တကယ် အသက်မရှိတော့တာ

ငါမယုံနိုင်လို့လေ ငါ့သူငယ်ချင်းက်ိုမှ လုပ်ရက်ကြတာ ဆိုပြီးအော် ငိုမိသေးတယ်။ ငါဒီနေ့နင့်ဆီရောက်တော့နင့်ကိုရေခဲတိုက်ထဲပို့တော့မှာမို့

နင့်ပစ္စည်းလေးတွေလာအပ်ကြတယ် နင့်ဖုန်းလေးကိုကိုင်တော့ နွေးနေတာပဲ ဖုန်းလေးကပွန်းပဲ့ရာတောင်မရှိဘူး ။နင်လဲဖုန်းလေးလို ဘာမှမဖြစ်ရင်ကောင်းမယ်။ အခု သုံးနာရီကျော်ထိ ငါအိပ်မရသေးလို့ဖုန်းသုံးတော့ နင်ဖုန်းလေးWiFi မိနေတယ်ထင်တယ် 

အကောင့်လေးကမီးစိမ်းနေတယ် နင်သာဖြစ်ရင်သိပ်ကောင်းမှာပဲ" ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။ Taxi ပေါ်တွင် ပါလာတဲ့ သုံးဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရပြီး taxi driver ကတော့ ဆေးရုံတွင်ဆုံးပါးသွားပြီး မေသစ္စာမောင်လည်း ဆေးရုံသွားတဲ့ လမ်းမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများတဲ့ မေသစ္စာမောင်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Phyoe Eaindra Min’s Facebook Account, Original Uploader and May Thitsar Maung’s Facebook Account 

Photo Crd-Phyoe Eaindra Min’s Facebook Account 
Photo Crd-Phyoe Eaindra Min’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T