ပြည်သူတွေနဲ့ တစ်သားတည်း မရှိသော ဥက္ကဌရဲ့ အစည်းအရုံးတွင် မပါဝင်လိုတာကြောင့် အဖွဲ့ဝင်အဖြစ်နှုတ်ထွက်လိုက်တဲ့ မေမြတ်နိုး

//s9.kh1.co/c6/c6748b1404ea8d8b9e96450987ee5d9fd9b8c601.jpeg
အနုပညာရှင်များ

 ၀၅-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

သီချင်းဆိုပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ရာမှတစ်ဆင့်  ဂီတလောကထဲသို့ စတင်ဝင်ရောက်လာခဲ့သူကတော့ မေမြတ်နိုးပဲ ဖြစ်ပါတယ်။ သူမကတော့ ဂီတလောကမှတစ်ဆင့် အနုပညာဘက်သို့ ကူးပြောင်းလာခဲ့ပြီးလက်ရှိအချိန်မှာတော့ ပြည်ပနိုင်ငံတွင် international Model အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှ ရပ်တည်ကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page

မနေ့ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ယာယီဥက္ကဌအသစ်ကို ခန့်အပ်လိုက်ကြောင်း တရားဝင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ လူမှုကွန်ယက်တွင် အတော်လေးကို နာမည်ကြီးခဲ့ပြီး ပရိသတ်တွေကြားမှာလည်းဝေဖန်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။  အနုပညာရှင်တစ်ချို့ကလည်း ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်လိုက်ကြောင်း  သူတို့ရဲ့ Facebook အကောင့်များတွင် အသီးသီး ကြေငြာခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page

​မနေ့ညက  မော်ဒယ် မေမြတ်နိုးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ပြည်သူတွေနဲ့ တစ်သားတည်း မရှိသော ဥက္ကဌရဲ့အစည်းအရုံးတွင် မပါဝင်လိုတာကြောင့် အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ မှန်ကန်တဲ့ လုပ်ရက်အပေါ် ချီးကျူးစကားများ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်တစ်ချို့ကလည်း ရုပ်ရှင် အစည်းအရုံးမှ နှုတ်ထွက်ချင်ပေမယ့်လည်း အစကတည်းကအသင်းဝင်မဟုတ်ထားတဲ့ အကြောင်းကို သူတို့ရဲ့ အကောင့်များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။

Source and Photo Crd-May Myat Noe’s Facebook Page

Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Photo Crd-May Myat Noe’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T