ဟာသသရုပ်ဆောင် ဟာငါးကောင်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ပိုးလေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာရှင်စနစ် ကျရှုံးရေးအတွက် လှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လတ်တလောမှာလည်း ပိုးလေးတို့ ဟာငါးကောင်အဖွဲ့ဝင်တွေဟာ တောတွင်းတစ်နေရာမှာ ပြည်သူတွေအတွက် စစ်သင်တန်းတက်ရောက်နေတာ ဖြစ်ပါတယ်။

တောတွင်းထဲမှာ ခက်ခက်ခဲခဲ နဲ့ နေထိုင်စားသောက်ပြီး စစ်သင်တန်းတက်နေတဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း ချစ်တဲ့ပြည်သူကို လူမှုကွန်ယက်မှာ မကြာခဏဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ပိုးလေးက တောလမ်းတစ်နေရာမှာ အဖွဲ့သားတွေနဲ့အတူ လမ်းလျှောက်ရင်း သီချင်း သီဆိုထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ကြည်နူးအောင် ဖော်ပြလာခဲ့ပါတယ်။


အာဏာရှင် "အလိုမရှိ" သီချင်းကို လက်သုံးချောင်းထောင်ပြီး အားအင်အပြည့်နဲ့ သီဆိုနေတဲ့ ပိုးလေးရဲ့ ဗီဒီယိုလေးကတော့ ပရိသတ်တွေ သဘောကျစေမှာပါ။ ဒီသီချင်းလေးက မြန်မာပြည်သူတွေအတွက် တကယ့်ကို ရင်ထဲထိမှန်စေတဲ့ သီချင်းဆိုရင်လည်း မမှားလောက်ပါဘူး။ ကဲ..ပရိသတ်ကြီးရေ တောထဲမှာ ခက်ခဲပင်ပန်းစွာနေထိုင်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးနေတဲ့ ပိုးလေးတို့ ဟာငါးကောင်အဖွဲ့ဝင်တွေကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦး။
သတင်း အရင်းအမြစ်៖ Video Credit &Source - Poe Lay fb Account