ကလေးသရုပ်ဆောင်အဖြစ် ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူကတော့ အိစိကွေးပဲဖြစ်ပါတယ်။ သူကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြသော ပြည်သူများကို တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုတွေအတွက် ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။



မနေ့ညက အိစိကွေးရဲ့ Instagram Story မှာ ပုံတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန်သို့ ပြန်လာရင်းအမြန်လမ်းတစ်နေရာမှာ ထိတ်လန့်စရာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့လာခဲ့ရတာကို ပရိသတ်တွေအား ပြန်လည်ပြောပြလာတာ ဖြစ်ပါတယ်။ အိစိကွေးဟာ နယ်မြို့တစ်မြို့သို့ အလှူတစ်ခုသွား လှူရင်း ရန်ကုန်ကိုပြန်လာတဲ့ လမ်းမှာ သူစီးလာတဲ့ ကားမှ တာယာ ပွင့်သွားခဲ့တာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေ ဖြစ်ခဲ့သော်လည်း ကံကောင်းစွာ ဖြင့် အသက်ဘေးမှ လွတ်မြောက် ခဲ့ကြောင်းကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။


" အမြန်လမ်းမှာ ကားတာယာ ပွင့်သွားခဲ့တာ သေသွားနိုင်တယ်။ ဒါပေမယ့် ကောင်းမှုကုသိုလ်တွေကြောင့်နဲ့ တူပါတယ် ဘေးအန္တရာယ် ကင်းခဲ့တယ် ???” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အရှိန်ပြင်းစွာ မောင်းနှင်မှုများနဲ့ကားမောင်းရင်း အိပ်ငိုက်မှုတွေကြောင့် အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယာဉ်မောင်းသူများအနေဖြင့် ကိုယ် သွားလာမယ့် လမ်းခရီးတိုင်းကို သတိရှိစွာဖြင့် ဂရုတစိုက်မောင်းနှင်ကြဖို့ တိုက်တွန်းပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Ei Si Kway’s IG Account

