Myanmar Idol season 4 Runner-Up ဖြစ်သလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ဘင်ဂျမင်ဆုမ်းကတော့ လတ်တလောမှာ Covid-19 ရောဂါကူးစက်ခံနေရတယ်လို့ သိရပါတယ်..။
ဘင်ဂျမင်ဆုမ်းကတော့ မိခင်ဖြစ်သူရဲ့ကျန်းမာရေးကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာရောက်ရှိနေပြီး ဇွန်လ(၂)ရက်နေ့ ဒီကနေ့မှာ စစ်ဘေးရှောင်ပြည်သူတွေကိုကူညီဖို့ ခရီးသွားရန်အတွက် ကိုဗစ်ရောဂါသွားရောက်စစ်ဆေးတဲ့အချိန်မှာ ရောဂါကူးစက်ခံထားရတဲ့အကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်..။
ပြည်တွင်းပြည်ပရှိ စစ်ဘေးရှောင်များအတွက် အလှူငွေတွေ တတ်အားသရွေ့ ရှာဖွေလှူဒါန်းခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ကတော့ လက်ရှိရောက်ရှိနေထိုင်တဲ့ မီဇိုရမ်ပြည်နယ်မှာလည်း မီဇိုးသီချင်းများဖန်တီးသီဆိုကာ ရရှိလာတဲ့ အလှူငွေများကို မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ခဲ့သူလည်း ဖြစ်သည်။
အက်စတာကတော့ ဘင်ဂျမင်အတွက် စိတ်ပူနေသလို ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားလို့ ဝမ်းနည်းပူဆွေးနေတဲ့ ဆရာမ Tracy Yinmin Tin အတွက်လည်း အားပေးစကားဆိုကာ နှစ်သိမ့်ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။
"ကိုယ်ချစ်ရတဲ့ မိသားစုအတွက်ဘုရားသခင်ထံဆုတောင်းပေးရုံကလွဲလို့ဘာမှမတက်နိုင်ဘူး ??
အမေလိုချစ်ရတဲ့ Tracy Yinmin Tin နဲ့ကျန်ရစ်မိသားစုဘုရားသခင်နှစ်သိမ့်ပါစေ ? RIP ပါအန်ကယ်
မောင်လေးလို့ချစ်ရတဲ့ Benjamin Sum လည်း မကြာခင်ကျန်းမာလာပါစေ.." ဆိုပြီး စိတ်မကောင်းစွာ ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေကလည်း ခင်ပွန်းဖြစ်သူကွယ်လွန်သွားလို့ ဝမ်းနည်းနာကျင်နေတဲ့ Tracy Yinmin Tin အားပေးစကားပြောထားသလို ရောဂါအမြန်ဆုံးပျောက်ကင်းကျန်းမာစေဖို့ ဘင်ဂျမင်ဆုမ်းအတွက်လည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Esther Dawt Chin Sung's Fb Acc