မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာတောင် အနားမှာအတူမရှိပေးနိုင်ခဲ့တဲ့အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/70/7037c86f52b685ab5f4933b37ed2b81806da60ff.jpeg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

.

အဆိုတော် ခွန်းဆင့်နေခြည်ကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်နေတာ ဖြစ်ပါတယ်။သူမကတော့ ကိုဗစ်ရောဂါ Second Wave စဖြစ်လောက်ကတည်းက ပြည်ပနိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။မနေ့ညက သူမအတွက် ဝမ်းနည်းစရာကောင်းတဲ့ သတင်းကို ပရိသတ်တွေအား ပြန်လည် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ပိုးမွေးသလို မွေးပြီး ဂရုစိုက်နေတဲ့ ကြားက ကွယ်လွန်သွားခဲ့တဲ့ အတွက် ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

Photo Crd-Khun Sint Nay Cho’s Facebook Page 

ခွန်းဆင့်နေခြည်ရဲ့ မိခင်ဟာ နှလုံးအမောဖောက်ပြီး မနေ့ညနေ ၅ နာရီဝန်းကျင်လောက်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားတာ ဖြစ်ပါတယ်။  ပြည်ပနိုင်ငံများတွင် လက်ရှိ ကိုဗစ်ရောဂါအခြေအနေဆိုးဝါးနေတာကြောင့်သွားလာဖို့ အခက်အခဲရှိနေပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးအခြေအနေများကြောင့် ပြန်လာရန် အဆင်မပြေဖြစ်နေတာ ဖြစ်ပါတယ်။ အမေကွယ်လွန်သွားတာတောင် အဝေးရောက်နေတာကြောင့် ပြန်လာလို့လည်း မရတဲ့အတွက် နေမထိထိုင်မသာဖြစ်ပြီး ဝမ်းနည်းပူဆွေးနေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 

" ပိုးမွေးသလိုမွေးပြီး လိုအပ်ချက်မရှိရလေအောင်အကုန်လုပ်ပေးတယ်။ မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ကြားမှာ အမေကျန်းမာနေပါတယ် ဒါပေမဲ့ နှလုံးဖောက်ပြီး 1.6.21 ညနေ 5:00 ဝန်းကျင်က ရန်ကုန် မှာ အမေဆုံးသွားပါပြီ အဝေးရောက်နေတဲ့သမီး ရင်တွေကွဲရပါပြီ ပြန်လာလို့လည်းမရဘူး နေမထိထိုင်မသာနဲ့ အသည်းအသန်တွေငိုကျွေးနေရပါတယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာညီအစ်ကိုမောင်နှမများနဲ့ ပရိသတ်များက ခွန်းဆင့်ရဲ့ မိခင် ကွယ်လွန်သွားတဲ့အတွက် ထပ်တူဝမ်းနည်းရကြောင်း comment တွင် ရေးသားထားကြတာ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ရဲ့ မေမေလည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Khun Sint Nay Cho’s Facebook Page 

Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 
Photo Crd-Khun Sint Nay Cho’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T