ဦးငြိမ်းချမ်းကို တပ်ကြပ်ကြီးတစ်ယောက်ဆိုပြီး ပြောနေကြတဲ့အပေါ် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ရှင်းပြလိုက်တဲ့ ကောင်းကျော်

//s9.kh1.co/fb/fb4e73001da9229cdd9e2a7b5cd61499065c73a6.jpeg
အနုပညာရှင်များ

 ၃၁-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

ဦးငြိမ်းချမ်းကို တပ်ကြပ်ကြီးတစ်ယောက်ဆိုပြီး ပြောနေကြတဲ့အပေါ် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ရှင်းပြလိုက်တဲ့ ကောင်းကျော်

ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာဆိုရင် ပြည်သူချစ်အနုပညာရှင်တွေကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။လူရွှင်တော်ကောင်းကျော်တို့ သဘင်အနုပညာသည်အဖွဲ့ကတော့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လူရွှင်တော်ကြီးဦးငြိမ်းချမ်းကတော့ မိသားစုဝမ်းရေးအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အဝတ်အထည်လေးတွေ Live လွှင့် ရောင်းချနေတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်း ဦးငြိမ်းချမ်းကိုချစ်တဲ့စိတ်နဲ့ အားပေးဝယ်ယူကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ တချို့ပြည်သူတွေက ဦးငြိမ်းချမ်းကို “တပ်မတော်နယ်လှည့်ဆက်ဆံရေး အငြိမ့်က တပ်ကြပ်ကြီးတစ်ယောက်”ဆိုပြီး ကွန်းမန့်တွေထဲမှာရေးသားနေကြတာကိုတွေ့ရပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဦးကောင်းကျော်က အချက်အလက်အပြည့်အစုံနဲ့ ပြန်လည်ရှင်းပြလိုက်တာဖြစ်ပါတယ်။ဦးငြိမ်းချမ်းရဲ့ မိခင်ကြီးကဓာတ်ပြားအဆိုတော်ဒေါ်ခင်ခင်ညွှန့်၊ဖခင်ဖြစ်သူမှာ နောက်ပိုင်းနှင့်ပြဇာတ်မင်းသားကြီး စာရေးဆရာ အောင်ဘညိုဖြစ်ပါတယ်။ဦးငြိမ်းချမ်းကလည်း အရွယ်ရောက်ကတည်းက အခုချိန်ထိ အနုပညာအလုပ်ကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။     

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်းနဲ့ (၁၉၉၅)ကနေ (၂၀၀၀)ခုနှစ်အထိ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ရန်ကုန်တိုင်းအတွင်း စီမံချက်နဲ့ကပြဖျော်ဖြေခဲ့တဲ့ မြဝတီအငြိမ့် (ရွှေဝါဝင်းအငြိမ့်) မှာဖျော်ဖြေခဲ့ဖူးတာဖြစ်ပါတယ်။(၂၀၀၁)ခုနှစ်မှာတော့ နအဖခေတ်က နိုင်ငံတော်အဆင့် အငြိမ့်တစ်ဖွဲ့ဖွဲ့ဖို့ စီမံချက်နဲ့ဖွဲ့ခဲ့သည့် ရှုမဝအငြိမ့်မှာတပ်မတော်ရဲ့ ဘယ်ရာထူး၊ဘယ်ခံစားခွင့်မှ မပါဘဲ အရပ်သားစစ်စစ်လစာနဲ့ အနုပညာတာဝန်ကို (၁၅)လကြာတော့တာဝန်ထမ်းဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။ဒါ့ကြောင့် ဦးငြိမ်းချမ်းက တပ်ကြပ်ကြီးတစ်ယောက်ဆိုတဲ့ ကောလာဟလကအမှားဖြစ်တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T