လိုင်းပေါ်မှာ အခုခေတ်စားနေတဲ့ လိမ်နည်းတစ်မျိုးအကြောင်းကို သေချာပြောပြကာ သတိပေးစကားဆိုလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/10/109f527b5136b8fb58710076f2c08f0380957777.jpg
အနုပညာရှင်များ

 ၂၉-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

.

သရုပ်ဆောင်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ ဆောင်းယွန်းစံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဆောင်းယွန်းက ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများကို စေတနာရှင်များနဲ့ စုပေါင်းကာ အလှူ အတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account

သူမရဲ့ပြည်သူပရိသတ်တွေ အားလုံး အဆင်ပြေကြစေရန် အတွက် ဘဏ်နဲ့ပက်သက်တဲ့ သတင်းအချက် အလက်တွေကို တင်ပေးနေတာလည်း တွေ့ရပါတယ်။မကြာသေးခင် အချိန်ကလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အခုလိုင်းပေါ်မှာ ခေတ်စားနေတဲ့ လိမ်နည်းတွေကို ပြောပြပေးနေတာ ဖြစ်ပါတယ်။ညီမလေးတစ်ယောက်က အလိမ်ခံလိုက်ရတာမို့ တစ်ခြားသူတွေ ထပ်မဖြစ်စေဖို့အတွက် သူမကိုအကူအညီတောင်းလို့ ပရိသတ်တွေကို သတိပေး​စကားဆိုလာတာ ပဲဖြစ်ပါတယ်။

Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account

"ခုလိုင်းပေါ်မှာ ခေတ်စားနေတဲ့လိမ်နည်းတစ်ခုလေး..စဘော်ပေးပီး ငွေချေးပေးတယ်ဆိုတာလေ..ခုကာလမှာ ကိုယ်နဲ့ရင်းနှီးခင်မင်တဲ့သူကိုတောင် ငွေချေးပေးဖို့ အရမ်းခက်ခဲနေကြတာ..လိုင်းပေါ်မှာမှတ်ပုံတင်လေးပြရုံနဲ့ ငွေချေးပေးမယ်ဆိုတာ​ြဖစ်နိုင်ပါ့မလား..တကယ်ချေးပေးတယ်ဆိုရင်တောင် ငွေပေးငွေယူမယုံကြည်ရတာကို..၁၀၀ မှာတစ်ယောက်တောင် ဒီလိုရူးနှမ်းတဲ့အလုပ်မျိုးလုပ်မပေးလောက်ဘူး..အဲ့တော့ ချင့်ယုံကြပါနော်..ခု ညီမလေးတယောက် သူ့အဖေနေမကောင်းလို့ ဆေးခန်းပြချင်လို့ လိုင်းပေါ်က စပေါ်ပေးရမယ် တစ်သိန်းကို တစ်သောင်းလွှဲရမယ်ဆိုလို့ လွှဲပေးလိုက်တာ..ခုလိမ်သွားပါတယ်တဲ့.. အဲ့ညီမလေးက သူ့လိုအ​ြဖစ်မျိုး တစ်ခြားသူတွေ​ြဖစ်မှာဆိုးလို့ ဆောင်းယွန်းကို အကူအညီတောင်းလို့ ပြောပြပေးတာပါ.. ဘယ်သူ့ကိုမှ မယုံပါနဲ့.❌❌ လိမ်တဲ့သူတွေက နည်းအမျိုးမျိုးနဲ့လိမ်နေကြတာပါ..အလုပ်​​ပေးမယ်ဆိုတိုင်းလဲ မယုံပါနဲ့ .သေချာလေ့လာစုံစမ်းပြီးမှ လုပ်ကြပါနော်...."ဆိုပြီး ရေးသားမျှဝေပေးလာတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လိမ်တဲ့သူတွေ များလာတာကြောင့် ပြည်သူတွေ အရာရာကို သတိထားဆောင်ရွက်ကြပါနော်......

Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account
Photo Credit- Saung Yoon San FB Account

သတင်း အရင်းအမြစ် Saung Yoon San FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T