မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထူလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ အချို့သော အနုပညာရှင်များလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင် ခင်သဇင်လည်းတစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမကတော့ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမကဘဲ လိုအပ်တဲ့ နေရာများသို့ သွားရောက် လှူဒါန်းပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။


အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့သော ခင်သဇင်ကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခင်သဇင်တစ်ယောက် ဘေးကင်းလုံခြုံရာနေရာသို့ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ သို့သော်လည်း အမှန်တရားအတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပြီး အလှူလေးတွေလည်း လှူဒါန်းပေးနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က ခင်သဇင်ရဲ့ လူမှုကွန်ယက်တွင် စစ်ဘေးရှောင်နဲ့ လိုအပ်တဲ့ နေရာတွေကို သူမရဲ့အဝတ်အထည်တွေ လှူဖို့အတွက် အခက်တွေ့နေသော အရာတစ်ခုအား ဖွင့်ဟ ပြောပြလာတာ ဖြစ်ပါတယ်။


ရိုက်ကူးရေးတွေ လုပ်နေရသူတစ်ဦးဖြစ်တာကြောင့် သူမရဲ့ ဝတ်စုံတွေအားလုံးဟာ ဒီဇိုင်းရိုးရိုးတွေ ဟုတ်မနေတဲ့အတွက် လှူဒါန်းဖို့ အကြပ်ရိုက်နေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ " စစ်ဘေးရှောင်နဲ့ လိုအပ်တဲ့နေရာလေးတွေကို အဝတ်ထည်တွေ အားလုံး နီးပါး လှူပစ်ချင်ပါတယ်။ ခက်တာက ဒီဇိုင်းတွေက ရိုးရိုးကြီးတွေမဟုတ်တော့ တော်တော် လှူရမှာ အကျပ်ရိုက်နေပါတယ် ???အကြံပေးကြည့်ပါဦး... ဘယ်လို လှူသင့်လဲ ဆိုတာ..." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဝတ်ဆင်ရန် သူတို့မှာ ရှိတဲ့ အဝတ်အထည်တွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေကြတာ ကြည်နူးစရာကောင်းလှပါတယ်။ အခြားလိုအပ်နေတဲ့ နေရာများကိုလည်း ဆက်လက်ပြီး လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။
Source and Photo Crd-Khin Thazin’s Facebook Account

