အာဏာသိမ်းမှုဖြစ်စဉ်စကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတော်တော်များများဟာ တဖြည်းဖြည်း လည်ပတ်မှုနှေးသွားခဲ့ပြီး လက်ရှိအချိန်မှာတော့တော်တော်များများ ရပ်တန့်သွားခဲ့ပါပြီ။ ပြည်သူတွေနဲ့အတူရပ်တည်ကြတဲ့ အနုပညာရှင်တွေဟာလည်း အရင်လို ကျော့ကျော့မော့မော့ ပွဲမတက်နိုင်တော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိသလို ဘေးလွတ်ရာကို ပုန်းရှောင်နေကြသူတွေလည်း အများအပြားပါပဲ။ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက်နေခဲ့တဲ့ အနုပညာရှင်တွေ ဒီလိုအဖြစ်နဲ့ကြုံရတာကို ပရိသတ်တွေလည်း အတော်လေးစိတ်မကောင်းဖြစ်နေကြပါတယ်။


ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ဟာ ယခင်က သူမ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူတူအလုပ်လုပ်ကြတဲ့ သူငယ်ချင်းတွေကို သတိရတဲ့အကြောင်းနဲ့ အရင်လိုအလုပ်တွေပြန်လုပ်ချင်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံချင်တဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။ အားလုံးမပျော်ရွှင်နိုင်တဲ့အချိန်ဟာ သုံးလကျော် ကြာမြင့်လာခဲ့ပြီးဖြစ်ပြီး အရင်လို လွတ်လပ်အေးချမ်းတဲ့နေ့ရက်တွေကိုပြန်ရဖို့ ဒီမိုကရေစီ တိုက်ပွဲဝင်နေကြတာပါ။


သူမရဲ့စိတ်ခံစားချက်တစ်ချို့ကို " တချိန်က နေ့ရက်တွေကိုလွမ်းတယ် ကျမတို့သူငယ်ချင်းတွေ အတူတူ ကြော်ငြာတွေရိုက်ကြ ဇာတ်လမ်းတွဲတွေရိုက်ကြ ပွဲတွေအတူတက်ကြ သီချင်းတွေ အတူဆိုကြနဲ့ အခုများကျ တစ်ယောက်တစ်နေရာစီ သူငယ်ချင်းတွေကိုသတိရတယ် အရမ်းလည်းတွေ့ချင်တယ် အမြန်ဆုံးငြိမ်းချမ်းချင်ပြီ အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်တဲ့ ပရိတ်သတ်တွေအတွက် အလုပ်တွေ အများကြီး ကြိုးစားချင်ပြီ ? မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ?? " ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဆိုင်းမိုင်လေးရဲ့ သရုပ်ဆောင်မှုတွေကို အရမ်းလွမ်းနေပါတယ်။

သတင်း အရင်းအမြစ်៖ Poe Kyar Phyu Khin's FB Acc