ကျိုက်ထီးရိုးဘုရားတွင် အဓိဌာန်ဆုတောင်းပြီး အမျှဝေချိန်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားဖြစ်စဉ်တစ်ခုအား ပြန်လည်ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/07/0738d07a539a4232af07d26bc77bd693386fdc58.jpeg
အနုပညာရှင်များ

 ၂၇-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

ပရဟိတမင်းသမီးလေးလို့  ပရိသတ်တွေ သတ်မှတ်ထားခြင်းခံထားရသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ  ဖြစ်ပါတယ်။ သူမကတော့  ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက်  ပံ့ပိုးကူညီပေးနေသူလည်း ဖြစ်ပါတယ်။ အခုလို  ကိုယ်ကျိုးမငဲ့ဘဲ  ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေသော ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကအရမ်းကို မွန်မြတ်လွန်းလှပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 

လတ်တလောမှာတော့  မွန်ပြည်နယ်ဘက်သို့ ရောက်ရှိနေပြီး သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အလှူရှင်များနှင့် ခုနှစ်ရက်သားသမီးများ စုပေါင်းပြီး တည်ထားကိုးကွယ်သော ကိုးနဝင်းစေတီတော်မြတ်ကြီးရဲ့ ထီးတော်တင်ပူဇော်ပွဲသို့ ကုသိုလ်ပါဝင်အားဖြည့်ပေးခဲ့ပါသေးတယ်။ ဘုရားထီးတင်ပွဲမှ အပြန် ကျိုက်ထီးရိုးစေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး ထိုစေတီတော်ကိုစောင့်ရှောက်နေသော အဘ ဘိုးဘိုးကြီးအား ဝတ်လဲတော် လဲလှယ်လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်များကို ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်တွင်  ရေးသား ဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

ခုနှစ်ရက်သားသမီး ပဌာန်းဆက်များရဲ့အလှူအား အဓိဌာန် ဆုတောင်းပြီး အမျှဝေတဲ့အချိန်တွင် ကြက်သီးများ ထခဲ့သည်အထိ ကြည်နူးပီတိဖြစ်ခဲ့ရကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ " ဘုရား ထီးတော်တင် အလှုပွဲမှ အပြန် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို ဝင်ရောက် ဖူးမြော်ခဲ့ပါတယ်ရှင်...ရွှေသင်္ကန်း၊ကန်တော့ပွဲ၊ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အခြား လှူဖွယ်များနှင့် ပဌာန်းတရားတော်များ လှူဒါန်းပူဇော်ခဲ့ပါတယ်..စေတီတော်မြတ်ကြီးကို စောင့်ရှောက်နေသော အဘ ဘိုးဘိုးကြီးမှာလည်း ဝတ်လဲတော်များလဲလှယ် လှူဒါန်းခဲ့ပါတယ်..ကျွန်မ နဲ့ အတူ ခုနှစ်ရက်သားသမီး ပဌာန်းဆက်များ ရဲ့ အလှူအား အဓိဌာန် ဆုတောင်းပြီး အမျှ ဝေတဲ့အချိန် ကြက်သီးများ ထ, သည် အထိ ကြည်နူးပီတိဖြစ်ခဲ့ပါတယ်..ပြုပြု သမျှ တို့အား သာဓုခေါ်ဆိုကုသိုလ်ရေစက် ယူနိုင်ကြပါစေရှင်..???..." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ပရိသတ်များကလည်းသူမပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုတွေအတွက် သာဓုခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။  ခိုင်နှင်းဝေတစ်ယောက်ဘာသာ၊သာသနာအကျိုးကို ဒီ့ထက်သယ်ပိုးဆောင်ရွက်နိုင်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း အမြဲပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T