အန်ကယ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသားကြီး လူမင်းကတော့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်..။
အရေးတော်ပုံကြီးမှာ ကျရာနေရာကနေတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပါဝင်ခဲ့တဲ့ အန်ကယ်လေးကတော့ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာမို့ အနုပညာရှင်တွေအပြင် ပြည်သူပရိသတ်တွေအားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။


ခိုင်သင်းကြည်ကတော့ ဒီကနေ့မှာမွေးနေ့ကျရောက်လာတဲ့ အန်ကယ်လေးရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦးရဲ့မွေးနေ့မှာ မိသားစုတွေအမြန်ဆုံး ပြန်လည်ဆုံဆည်းကြစေဖို့အတွက် ဆုတောင်းစကားဆိုလာပါတယ်..။
အကျဉ်းချအရေးယူခြင်းခံထားရပြီး ပူပင်သောကတွေနဲ့ ဝေးကွာနေရတဲ့ အန်ကယ်လေးတို့မိသားစုလေး အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့ စိတ်မကောင်းစွာ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်..။


“Happy Birthday ချစ်ရတဲ့ စံပယ်လေး❤️??ပူပင်သောကတွေကင်းဝေးပြီး ချစ်ရတဲ့အန်ကယ်လေးနဲ့အတူ မိသားစုတွေအမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေနော် ?..” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။
မခိုင်လေးနဲ့အတူ ပြည်သူပရိသတ်တွေကလည်း အန်ကယ်လေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ကာ မိသားစုတွေပြန်ဆုံကြစေဖို့ အသီးသီး ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။


သတင်း အရင်းအမြစ်៖ Khine Thin Kyi's Fb Acc





