ပရိသတ်ဆိုတာထက် အစ်မ တစ်ယောက်လို ရင်းနှီးရတဲ့သူ သေဆုံးတာနဲ့ ပတ်သတ်ပြီးအမှတ်တရတွေကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ကောင်းမြတ်စံ

//s9.kh1.co/71/7137fd699cc366e7dc57913292a3b8a2d6e746b9.jpg
အနုပညာရှင်များ

 ၂၀-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်ကြီးတို့ရေ.......စွဲဆောင်မှုရှိတဲ့ အပြုံးတွေနဲ့ ချစ်စရာကောင်းတဲ့ စကားပြောဆိုဟန်တွေကို ပိုင်ဆိုင်ထားတဲ့ MRTV - 4 မင်းသားချောလေး ကောင်းမြတ်စံကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။သူကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ယခု လက်ရှိ အခြေအနေ နဲ့ ပတ်သတ်ပြီး ဖေဖော်ဝါရီ ပထမ အပတ်ကနေစကာ ပရိသတ်တွေ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account

ယခုအချိန်မှာလည်း ကောင်းမြတ်စံဟာ ဆိုရှယ်မီဒီယာ ထက်မှာ လက်ရှိဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး နေ့စဥ်နဲ့ အမျှ speak out လုပ်နေတဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။နေ့စဥ်ရက်စက် အကြမ်းဖက်မှုတွေကြောင့် စိတ်ထိခိုက်နေရတဲ့ ကြားမှာ ပရိသတ်ဆိုတာထက် အစ်မ တစ်ယောက်လို ရင်းနှီးရတဲ့ သူ သေဆုံးသွားတာကြောင့် စိတ်မကောင်းဖြစ်နေရကာ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account

သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"ကျွန်တော့်ပွဲတွေဆို အမြဲလာချင်တာ သူ့ခြေထောက်မကောင်းလို့မလာရဘူးဆိုပြီး အမြဲ စိတ်မကောင်းဖြစ်ဖြစ်နေတာ...

ကျွန်တော်ဘာစားချင်လဲအမြဲမေးပြီး ဟင်းတွေချက်ချက်ပြီးပို့ပေးတာ ပရိသတ်ဆိုတာထက် အစ်မတစ်ယောက်လိုတောင်ရင်းနှီးနေတာ .. သူ့ဆိုင်လေးဖွင့်တော့လဲ ကြုံရင်ဝင်လာလည်ပါဆိုပြီး အမြဲပြောနေတာ.... စိတ်ရင်းစေတနာတစ်ကယ်ကောင်းသော မမေယုကိုရေ နိဗ္ဗာန်မှာပျော်ပျော်နေပါ ......."ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်......."

Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account
Photo Crd - Kaung Myat San' FB account

သတင်း အရင်းအမြစ် Kaung Myat San' FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T