အင်္ဂလန်နိုင်ငံအခြေစိုက် JEM မော်ဒယ်အေဂျင်စီမှာ စတင်ပြီးအလုပ်လုပ်တော့မယ့် Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/26/262cb257e4229d8c4fc08c02d01a8ea8d27b34de.png
အနုပညာရှင်များ

 ၂၀-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

..

မြန်မာပြည်အတွက်ဂုဏ်ယူရတဲ့ Miss တစ်ယောက်ဖြစ်ပေးခဲ့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလော အခြေအနေတွေကြောင့် အမိနိုင်ငံကိုပြန်လာဖို့အဆင်မပြေသေးတာကြောင့် အမေရိကမှာရှိတဲ့ အသိမိတ်ဆွေတွေဟာ သူမ ရပ်တည်နိုင်ဖို့အတွက်အကူအညီတွေအများကြီးပေးခဲ့ကြပါတယ်။ Asia's Next Top ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ သက်သက်သင်း (Beauty) ဟာလည်း သူမကိုယ်တိုင်က International Model လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့သူ ဖြစ်တဲ့အလျောက် Candy ကိုလည်း သူမနဲ့အတူလုပ်ကိုင်ဖို့ လက်တွဲခေါ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း အင်္ဂလန်နိုင်ငံအခြေစိုက် JEM Model Agency မှာ သူဇာဝင့်လွင်တစ်ယောက် ဝင်ရောက်လုပ်ကိုင်တော့မယ့်အကြောင်းကို Agency က Jake Egginton ဆိုသူက အသိပေးပြောကြားလာခဲ့ပါတယ်။

Photo Credit - Ye Htoo Win's FB Acc
Photo Credit - Ye Htoo Win's FB Acc

နိုင်ငံအတွက် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ စင်မြင့်ထက်မှာ Speak Out လုပ်ပေးခဲ့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလောမှာတော့ အမေရိကနိုင်ငံမှာရှိနေပြီး International Model တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းစတင်နေခဲ့ပါပြီ။ သူမနဲ့စတင်ချိတ်ဆက်လိုက်ပြီဖြစ်တဲ့ JEM Model Agency ဟာ နာမည်ကျော်မော်ဒယ်တွေကိုမွေးထုတ်ပေးခဲ့တဲ့ Agency တစ်ခုဖြစ်ပြီး သက်သက်သင်း (Beauty) ဟာလည်း JEM ရဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ စီနီယာတစ်ယောက်အဖြစ်နဲ့ Candy ကို လက်တွဲခေါ်ပြီး လမ်းကြောင်းမှန်ပေါ်ဆွဲတင်ပေးခဲ့လို့ Candy ရဲ့ အမဖြစ်သူမေနဲ့ ပရိသတ်တွေက Beauty ကို ကျေးဇူးတင်စကားတွေပြောခဲ့ကြပါ တယ်။

Photo Credit - Ye Htoo Win's FB Acc
Photo Credit - Ye Htoo Win's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc

Candy ဟာ မကြာခင်မှာ JEM ရဲ့ Model တစ်ယောက်ဖြစ်လာတော့မယ့်အကြောင်းကို " Excited to introduce Thuzar - Miss Universe Myanmar to the JEM Family! We Are JEM Incredible to watch her represent her country with the current political issues on an international level! " ဆိုပြီး Jake Egginton က သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။ Candy ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကောင်းနဲ့ပတ်သက်ပြီး အရမ်းကိုပျော်နေခဲ့ပါတယ်။ Miss Universe Myanmar လေးရဲ့ ပထမဆုံးစတင်လိုက်တဲ့ International ခြေလှမ်းအသစ်ကနေ ကမ္ဘာကျော်ပြီး အောင်မြင်တဲ့ Model တစ်ယောက်အထိတက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - Thuzar Wint Lwin's FB Acc
Photo Credit - Thuzar Wint Lwin's FB Acc

သတင်း အရင်းအမြစ် Thuzar Wint Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T