ကိုယ်၀န်အရင့်အမာနဲ့ ကလေးခြောက်ယောက်ကျန်ခဲ့ကာမုဆိုးမဖြစ်ခဲ့ရသူအတွက် အိမ်လေးလှူဒါန်းခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/fa/fa123fc2f250354d0b0eeb2afb3e25c30a0e354b.jpg
အနုပညာရှင်များ

 ၁၉-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၅ နှစ် က

.

မင်းသားဝေဠုကျော် ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်ကာ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်..။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေအပြင် လိုအပ်တာတွေဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။

Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page

အခုဆိုရင်လည်း ဝေဠုကျော်ဖောင်ဒေးရှင်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ ၀မ်းမြောက်ဖွယ်အလှူဒါနတစ်ခုပြုလုပ်ခဲ့ပြန်တာဖြစ်ပါတယ်။ မကြာသေးမီက ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Facebook pageကနေ "19-5-2021တောင်ဒဂုံ က မဝါဝါလေး ရဲ့ အိမ်လေး အသစ်ဆောက်လို့ ပြီးသွားပါပြီ။မဝါဝါလေးမှာလင်ယောက်ကျားသေပြီး ကိုယ်ဝန်အရင့်အမာနဲ့ ကလေး၆ယောက် ကျန်ရစ်ခဲ့တာပါ။ယောက်ကျားကမသေခင် နာတာရှည်ရောဂါ ဖြစ်ခဲ့တာကြောင့် နေစရာအိမ်ကလည်း ပြိုပျက်နေပြီးနေစရာမရှိခဲ့ပါဖူး။ဆွေမျိုးတွေအိမ် ကပ်ရပ်နေခဲ့ရတာကြောင့် ဖောင်ဒေးရှင်းက အလှူရှင်ရှာပြီး အိမ်အသစ် ဆောက်လှူပေးခဲ့ပါတယ်။

Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page

"မတည်အလှူရှင်များကတော့ စင်ကာပူမှ
မိဘများအား အမှူးထား၍ Yasuyuki Kurofuchi + Theinge Myint မိသားစု နှင့်Theinge Myint နှင့် သူငယ်ချင်းများဖြစ်ကြပြီး ကျန် ၇ရက် သားသမီးအလှူရှင်များ ရဲ့ အလှူငွေ ဖြင့်
ပျဥ်းကတိုး သစ်မာဖြင့် ဆောက်လုပ်ပေးခဲ့ပါတယ်။အခုတော့ အလှူရှင်များ ကောင်းမှု ကြောင့်
မဝါဝါလေးလည်း သမီးလေး မွေးဖွားပြီးချိန်
အိမ်အသစ်မှာ နေထိုင်ကာ အဆင်ပြေ ပျော်ရွှင်နေရပါပြီ။ခုလို ကပ်ရောဂါရော နိူင်ငံရေးအကြပ်အတည်းတွေကြား စားသောက်ရေးအတွက်ရော နေထိုင်မှုအတွက်ပါ တစ်ဒေါင့်တစ်နေရာမှ တတ်နိူင်သလောက်လေး ပါဝင် ကူညီထောက်ပံ့ခွင့်ရအောင် ဝိုင်းဝန်း လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်။အလှူရှင်များအားလုံး ဘဝမှာ လိုတိုင်းတ ရနိူင်ကြပြီးကပ်ကြီး ၃ပါးမှ ကျော်လွှား အောင်မြင်နိူင်ပါစေ။နောက်ထပ် ကျူးအိမ်လေးဆောက်ပေးဖို့လည်း အလှူခံတင်ထားလို့ ထပ်ပြီး ဝိုင်းဝန်းလှူပေးကြပါအုံးရှင့်....." ဆိုပြီးရေးသားမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page
Photo credit-​ Wai Lu Kyaw Foundation Fb's page

သတင်း အရင်းအမြစ် Wai Lu Kyaw Foundation Fb's page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T