အမေရိကန်နာမည်ကြီးသတင်းဌာနတစ်ခုမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေကိုကြိုးစားပြောပြခဲ့တာကြောင့် အိမ်ပြန်ရဖို့ မသေချာတော့တဲ့ အလှမယ်သူဇာဝင့်လွင်

//s9.kh1.co/00/007408d4386c7f7a2e599c16fd6a245c15756a89.jpeg
အနုပညာရှင်များ

 ၁၆-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

..

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်ကတော့ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ပြောပြခဲ့ပါတယ်..။

အလှမယ် သူဇာဝင့်လွင်ကတော့ သူမယှဉ်ပြိုင်နေတဲ့ မယ်စင်္ကြာဝဌာ ပြိုင်ပွဲမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရရှိအောင် အာဏာသိမ်းစစ်အစိုးရကို အလိုမရှိကြောင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးရေး စတာ‌တွေ နိုင်ငံတကာက ကူညီပေးဖို့ မျှော်လင့်ထားတဲ့အကြောင်းတွေကို ပြည်သူတစ်ယောက်အနေနဲ့ အမေရိကန်ရဲ့ သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ် သတင်းစာကနေ ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူပြီးနောက် ဒီနေ့အချိန်ထိ ငြိမ်းချမ်းစွာဆန္ဒပြသူပေါင်း ၇၈၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို အပြစ်မဲ့ပြည်သူ ၃၉၀၀ ကျော် ၄၀၀၀ နီးပါးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာက ရေးသားထားကာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့နိုင်ငံတခုဖြစ်သလို ဒီအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရရှိလိမ့်မယ် လို့ လည်း မျှော်လင့်နေတဲ့အကြောင်းတွေကိုလည်း သူဇာဝင့်လွင်က ပြောပြထားပါသေးတယ်..။

Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page

"လူ့အခွင့်အရေးဆိုတာက ဘယ်မှာလဲ၊ ကျွန်မတို့ မြန်မာပြည်သူတွေကို ကူညီပေးပါ.. မြန်မာပြည်သူတွေ အကူအညီမဲ့နေပါတယ်.." လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံကိုယ်စားပြု ရိုးရာဝတ်စုံ ထုံးဖွဲ့ဝတ်ဆင် ပြသပွဲမှာချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ရင်း မြန်မာ့အရေးကို ဖော်ပြတဲ့အနေနဲ့ "မြန်မာနိုင်ငံအတွက် ဆုတောင်းပေးပါ” စာတမ်းကို ကိုင်ဆောင်ခဲ့တာတွေကိုလည်း နယူးယောက်ခ်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါသေးတယ်..။

The New York Times နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး 

မြန်မာပြည်က အဖြစ်အပျက်တွေဝေမျှပြောခဲ့တဲ့အကြောင်းတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာဖြစ်ပြီး သူဇာဝင့်လွင်အနေနဲ့ အကြမ်းဖက်တင်းကြပ်မှုတွေကြားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်လာအောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေတာတွေကြောင့် သူမအတွက် အိမ်ပြန်ခရီးဟာ မသေချာတော့တာကြောင့် ပြိုင်ပွဲပြီး ဘယ်ကိုသွားရမှန်းမသိ ဖြစ်နေတယ်လို့ ဆိုပါတယ်..။

Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page
Photo Credit - Thuzar Wint Lwin's Fb Page

သတင်း အရင်းအမြစ် Thuzar Wint Lwin's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T