နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်သလို မခိုင်လေးလို့ အများက ချစ်စနိုးခေါ်တဲ့ ခိုင်သင်းကြည်ကတော့ ခင်ပွန်းဖြစ်သူအပြင် သမီးလေးစံထိပ်ထားဦးနဲ့အတူ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်..။
ခိုင်သင်းကြည်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လက်ရှိအခြေအနေတွေမှာလည်း လူထုလှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေ ပြုလုပ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာလည်း ဖြစ်ပါတယ်..။
ခိုင်သင်းကြည်ကတော့ ဒီကနေ့ အမေများနေ့မှာလည်း သမီးလေးထိပ်ထိပ်ရဲ့ မိဘအပေါ်သိတတ်မှုတွေနဲ့ အပြောလေးတွေကြောင့် ပီတိဖြစ်ရတဲ့ အပျော်လေးတွေကို ဝေမျှလာပါတယ်..။
အမေများနေ့အမှတ်တရအဖြစ် ကိတ်၊ ပန်းစည်း၊ ပန်းချီကားနဲ့ ကိုယ်တိုင်ရေးသားထားတဲ့ စာစောင်လေးတွေနဲ့အတူ ထိပ်ထိပ်လေးက အမေများနေ့ဆုတောင်းစကားလေးဆိုထားတာပဲ ဖြစ်ပါတယ်..။
မခိုင်လေးကတော့ သမီးလေးထိပ်ထိပ်နဲ့ပတ်သက်ပြီး ပီတိဖြစ်ကြည်နူးရတဲ့ အကြောင်းတွေအပြင် မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုလေးတွေကို ဝေမျှထားပါသေးတယ်..။
သူမတို့ မိသားစုရဲဲ့ ပုံရိပ်တွေကို ပရိသတ်တွေက သဘောကျအားပေးကြသလို ဒီကနေ့ အမေများနေ့ အမှတ်တရလေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မခိုင်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Khine Thin Kyi's Fb Acc